Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကျေးရွာတွင်းလမ်းများ ပြုပြင်ဖောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး


11 Jul,2024

နေပြည်တော် ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကျေးရွာ များ၏ ရွာတွင်းလမ်းများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြုပြင်ဖောက်လုပ်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် အရှေ့ ဖွားစောကျေးရွာသို့ သွားရောက်၍ ကျေးရွာအဝင်မှ ဇယဝေရီကန်သို့ သွားသောလမ်း အရှည် ၁ မိုင် ၂.၃ ဖာလုံ၊ အကျယ် (၁၈) ပေအား ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ အဆိုပါ လမ်းပိုင်းတွင် ၅၂၄၀ ပေအား မြေသား ၂ ပေထုတင်၍ ထပ်မံဆောင်ရွက်မည့်နေရာ၊ ရေကျော် ၅၀ ပေ၊ ၈၀ ပေနှင့် ၁၅၀ ပေ (၃) စင်း ဆောင်ရွက်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အနောက်ဖွားစောကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအဝင် လမ်းအရှည် (၂.၆၅) ဖာလုံ၊ အကျယ် (၁၈) ပေ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မြင်းကပါ ခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွား ရောက်၍ ကျေးရွာတွင်းလမ်း (၇) ဖာလုံ ဂျင်းကျောက်ခင်းကျင်းနေမှုအားလည်းကောင်း၊ ဆက်လက် ဆောင်ရွက်မည့် ရွာတွင်းလမ်းများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်တွင် စံပြကျေးရွာအတွက် ဆောင်ရွက်ပေးမည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းများ၊ အခြားသော ဆက်စပ်ဝန်ကြီးဌာနများ၏ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီး သည် ခေတ်မီစံပြကျေးရွာ၏ အသက်မွေးဝမ်းကျောင်းနှင့် ကျေးရွာစီးပွားရေးမြင့်မားရေးကဏ္ဍတွင် ပါဝင် သော ဧည့်လမ်းညွှန်/ ဧည့်လမ်းပြသင်တန်း ဖွင့်လှစ်ပို့ချပေးနေမှုကို အားပေးကြည့်ရှုခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကုန်းတန်းကြီးကျေးရွာ အဝင်လမ်းအရှည် ၁ မိုင် ၄ ဖာလုံအနက်  (၄) ဖာလုံ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊ ကုန်းတန်းကြီးကျေးရွာအထိ ဆက်လက် ဆောင်ရွက်မည့် လမ်းအရှည် (၁) မိုင် ပြင်ဆင်ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်ပြီး ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း စိုက်ပျိုးကြရေး တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသော ပုဂံမြို့သစ်မှ နတ်ကြိုအိုင်ကျေးရွာ အဝင်လမ်း ၁ မိုင် ၄ ဖာလုံ ပြုပြင်ဖောက်လုပ်ပေးမည့် အခြေအနေ၊ ရေကျော်အမှတ် (၂) တည်ဆောက်မည့်နေရာ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လောကနန္ဒာဘုရားအား သွားရောက်ဖူးမြော်ပြီး ဘုရားပုရဝုဏ် အတွင်း မဉ္ဇူသကနတ်ပန်း ရောင်းချနေသော ဒေသခံများနှင့်တွေ့ဆုံ၍ အဆင့်မီထုတ်ကုန်ဖြစ်စေရန်၊ ထုတ်ပိုးကုန်များ သန့်ရှင်းသပ်ရပ်ကောင်းမွန်စေရန်၊ ယခုကဲ့သို့ ပန်းပွင့်ခြောက် ပြုလုပ်ရောင်းချခြင်း အပြင် မဉ္ဇူသကနတ်ပန်းမှ အလှဆီ ထုတ်လုပ်တတ်စေရန် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းပို့ချပေးရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်