Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်


08 Jul,2024

နေပြည်တော် ဇူလိုင် ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ် ရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ငွေစင်ပုလဲ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက စက်ရုံလည်ပတ်နေမှုနှင့် အရည်အသွေးစစ်ဆေးမှုအဆင့်ဆင့်ကို Video Clip ဖြင့်လည်းကောင်း၊ Power Point ဖြင့် လည်းကောင်း  ရှင်းလင်းတင်ပြသည်။  တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရ အနေဖြင့် ပြည်ပမှ နို့ထွက်ပစ္စည်းများ တင်သွင်းမှု လျှော့ချရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် လိုအပ်သည့် ကုန်ကြမ်းများ လုံလောက်စွာရရှိရေးအတွက် နို့စားနွား မွေးမြူရေး လုပ်ငန်းများ စနစ်တကျတိုးချဲ့ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း တောင်သူများ သမဝါယမနစ်ဖြင့် မွေးမြူနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ အစာများ ရရှိရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထွက်ရှိ လာသော ကုန်ကြမ်းများအား နို့ထွက် ပစ္စည်းထုတ်လုပ်သည့် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အခက်အခဲများ ရှိပါက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁၆) အခြေခံ ပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ဆရာ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်း၏လိုအပ်ချက်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူ(၈၀၀)ကျော်အတွက် အာဟာရဒါနအဖြစ် နွားနို့များ လှူဒါန်းတိုက်ကျွေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm