Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ (ဗဟိုကြီးကြပ်မှုကော်မတီ)၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပ


09 Jul,2024

နေပြည်တော် ဇူလိုင် ၉

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိ နှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၆)၊ ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အစည်းအဝေးသို့ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ဒုတိယဝန်ကြီးများ၊ ကော်မတီ ဝင်ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များတက်ရောက်ကြသည်။

          အစည်းအဝေးတွင် ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွားကိုရှေးရှုပြီး အမျိုးသားရေးရည်မှန်းချက်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြော ရေးနဲ့ စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ကြီးဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ် ကိုလည်း အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိ တာကို အားလုံးအသိပဲဖြစ်ပါကြောင်း၊ နိုင်ငံ့လူဦးရေ ၇၀% ကျော်ရှိတဲ့ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ့စီးပွားဖွံ့ဖြိုးလာစေမှာ ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရ အနေနဲ့ စိုက်ပျိုးမွေးမြူရေးအခြေခံတဲ့ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေးကို ပထမဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ဒုတိယဦးစားပေးအနေနဲ့ အသေးစား၊ အငယ်စားနဲ့အလတ်စားစီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

          ယင်းသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက် နိုင် ရေးအတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ (၂၂..၂၀၂၂)ရက်နေ့တွင်ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးနဲ့ဆက်စပ်တဲ့ ဝန်ကြီးဌာန(၁၂)ခုမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များပါဝင်သော ကော်မတီဝင်(၂၇)ဦးဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊

ကော်မတီအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မူဝါဒများချမှတ်ခြင်း၊ နှစ်စဉ် နှစ်တို/နှစ်ရှည်စီမံကိန်းရေးဆွဲခြင်း၊ တာဝန် ပေးအပ်ခြင်း၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိနိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း၊ ကြီးကြပ်မှုကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များသတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း စသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရရဲ့ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေး ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် ကော်မတီဝင်ဌာနများမှလည်း သက်ဆိုင်ရာကဏ္ဍ အလိုက် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

          ယင်းသို့အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကျေးလက်ဒေသရှိ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများအတွက် လိုအပ်လျက်ရှိတဲ့ သွင်းအားစုနဲ့ ငွေကြေးအရင်းအနှီးများ ထောက်ပံ့ ပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်အောင် သုတေသနလုပ်ငန်းများနဲ့ ဈေးကွက်ချိတ်ဆက်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ ကျေးလက်အခြေခံအဆောက်အအုံ လုပ်ငန်းများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများနဲ့ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းအပြင် ကျေးလက်နေပြည်သူများရဲ့ အဖွဲ့အစည်း ဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားအောင်ဆောင်ရွက်ပေးခြင်း စတဲ့ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေကို အထူး အလေးထား ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ကော်မတီဝင်များအား တိုက်တွန်းမှာကြား လိုပါကြောင်း၊

          ဆက်လက်၍ ကော်မတီဒုတိယဥက္ကဌ၊ဒုတိယဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ဘက်စုံကဏ္ဍစုံဖော်ဆောင်ရာမှာ သက်ဆိုင်သူအားလုံးရဲ့ “ပူးပေါင်းပါဝင်မှုအား”က အဓိကဖြစ်ပြီး လက်တွေ့ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေအရ မိမိ တစ်ဦးတည်း စွမ်းဆောင်၍မရနိုင်ပဲ အခြားဌာနဆိုင်ရာများနှင့်၊ ကျေးလက်ပြည်သူများပါ ပူးပေါင်းပါဝင် လုပ်ကိုင်မှ အောင်မြင် မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် ရှိပြီးသား ပေါင်းစပ်ဖွဲ့စည်းမှု အားကို အခြေပြုပြီး နိုင်ငံတော်ရဲ့ လူမှုစီးပွား ဘဝဖွံ့ဖြိုးရေး ရည်မှန်းချက်များ ပြည့်မီအောင် ပိုမိုပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြား လိုပါကြောင်းပြောကြားပါသည်။

          ဆက်လက်၍  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီအတွင်း ရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီအစည်းအဝေး (/၂၀၂၃) ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း ကော်မတီဝင် ဌာနများမှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကော်မတီဝင် ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများအလိုက် ညှိနှိုင်းဆွေးနွေးရမည့် အချက်များကို ရှင်းလင်း တင်ပြသည်။

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ကော်မတီဝင်ဆက်စပ်ဝန်ကြီးဌာန များမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအနေဖြင့် ကျေးလက်လမ်းလုပ်ငန်းများကို လမ်းအရှည် (၂၂၃၂/.၀၈)မိုင်၊ တံတား(၃၁၅၈)စင်း (၆၅၅၀၀)ပေ၊ ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း(၂၉၄၁)ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်းကို  တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာ(၉၂၇)ရွာ ၊အိမ်ခြေ (၄၄၈၉၆) အသေးစားဓါတ်အားပေးလုပ်ငန်းဖြင့် ကျေးရွာ(၁၃)ရွာ၊ အိမ်ခြေ (၂၄၁၅) မဟာဓာတ်အားလိုင်းစနစ်ဖြင့် ကျေးရွာ(၉၂၇)ရွာ၊ အိမ်ခြေ(၁၆၈၅၀၂) မဟာဓါတ် အားလိုင်း (Off-grid)အနေဖြင့် လျှပ်စစ်သွယ် တန်းခြင်း (/.၅၆မိုင်) အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းအကြိမ်ရေ (၁၈၆၃) ကြိမ် သင်တန်းသားဦးရေ (၃၇၅၂၆)ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး (၁၁၃၆၈)ဦး အလုပ်အကိုင် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ခေတ်မီ စံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်း(၄၅)ရွာ၊ ကျေးလက် စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(၅၂)ယူနစ်၊ မြစိမ်းရောင် စီမံကိန်း(၂၄၅)ယူနစ်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(၁၈၆၄)ရွာ၊ Cash for Work စီမံကိန်း(၉၈)ရွာ တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း သိရှိရပါသည်။

          ယင်းနောက် ကော်မတီဝင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ မိမိတို့ ဝန်ကြီးဌာန လုပ်ငန်း ကဏ္ဍများဖြစ်သော  အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး ကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာဖွံ့ဖြိုးရေးကဏ္ဍ၊ အရင်းမပျောက်မတည် ရန်ပုံငွေထူထောင် ခြင်းကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းကဏ္ဍ၊ လူမှုရေး ဆိုင်ရာဖွံ့ဖြိုးရေးကဏ္ဍ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံ ချိတ်ဆက်ဆောင်ရွက်ရသည့်အတွက် အားလုံးပူးပေါင်းကြိုးပမ်းဆောင်ရွက်ရမည့်အပိုင်းများ ဖြစ် ကြောင်း ဆွေးနွေးခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များအတွက် လုပ်ငန်းနှင့် ရန်ပုံငွေလျာထားခြင်း ကိစ္စရပ်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။

          ဆက်လက်၍ ဘာသာရပ်ဆိုင်ရာ ပညာရှင်များမှ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍ များ၊ မွေးမြူရေးဆိုင်ရာကဏ္ဍများ၊ အင်ဂျင်နီယာဆိုင်ရာကဏ္ဍများအတွက် လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးကြပါသည်။

          နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက တစ်ဦးချင်း၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် မှုမှ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ထိုမှတဆင့် နိုင်ငံရဲ့ စီးပွားရေး သည်လည်း ဖွံဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊  ကော်မတီဝင်ဝန်ကြီးဌာန၊ ဦးစီး ဌာနများအနေဖြင့် မိမိတို့ တာဝန်ယူရတဲ့ လုပ်ငန်းများမှာ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မားတိုး တက်ရေး၊ စိတ်ဓာတ်နှင့် အသိဉာဏ် ပညာဖွံ့ဖြိုးစေရေးတို့အတွက် စိတ်စေတနာအပြည့်ဖြင့် လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြဖို့ နှင့် တိုင်းပြည်ရဲ့ ကျေးလက်ဒေသများဖွံ့ဖြိုးတိုး တက်စေဖို့ လိုအပ်တဲ့ဖွံ့ဖြိုးရေးဆိုင်ရာ အကြံဉာဏ်ကောင်းများ၊ ဆွေးနွေးညှိနှိုင်းချက်များဖြင့် ပိုမို ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm