ကျောက်ဆည် ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေ ၂၀၂ ဒသမ ၅၅ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော လူထုရှေ့ဆောင်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသည့် ကျောက်ဆည် - တံတားဦးလမ်းမှ ငါးလုံးကုန်းကျေးရွာ အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မှ မြို့နယ်တာဝန်ခံ၊ တာဝန်ခံ QC တို့နှင့် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ပြည့်မီစွာဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါလမ်းမှာ မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စုစုပေါင်းလမ်း အရှည်မှာ (၀/၄)မိုင်ရှိကြောင်း သိရသည်။
မောင်မွှေး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်