Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ် သမဝါယမဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ


05 Jul,2024

မလှိုင် ဇူလိုင် ၄

မလှိုင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ဇူလိုင်(၂)ရက်နေ့က ကံတွင်းကျေးရွာ အုပ်စုရှိ ဦးတောဘုန်းကြီးကျောင်း၌ စုပေါင်းသစ်ပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်လင်းကို ဦးဆောင်၍ ဝန်ထမ်း(၁၉)ဦး၊ သမဝါယမအသင်းအမှုဆောင် (၇)ဦးတို့သည် အဆိုပါဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ မန်ကျည်း၊ တမာ၊ ဗာဒံ၊ လသာ စုစုပေါင်း အရိပ်ရအပင် (၁၀၀)ကို စုပေါင်း စိုက်ပျိုးခဲ့ကြပြီး ကျောင်းတိုက်အတွင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ကျောင်းထိုင်ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm