Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆီထွက်သီးနှံနှင့် ဝါအပါအဝင် စီမံကိန်းဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆိုလာစိုက်ပျိုးရေတင်စနစ်များ ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်


01 Jan,1970

ဆီထွက်သီးနှံနှင့် ဝါအပါအဝင် စီမံကိန်းဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆိုလာစိုက်ပျိုးရေတင်စနစ်များ ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်

နေပြည်တော် ဇွန် ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှု အကြိုညှိနှိုင်းအစည်းအဝေးနှင့် ဆီထွက်သီးနှံနှင့် ဝါအပါအဝင် စီမံကိန်း ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆိုလာစိုက်ပျိုးရေတင်စနစ်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ရေရရှိရေးလုပ်ငန်း (၁၇၈၀)ခု၊ မီးလင်းရေး ကျေးရွာ (၉၄၀)ရွာ၊ ဆိုလာစိုက်ပျိုးရေတင်စနစ်လုပ်ငန်း(၉၈)ခု၊ ကျေးလက်ကုန်ထုတ်လမ်း (၅၃၂) မိုင်၊ ကုန်ထုတ် တံတား (၁၁၅၉) စင်း၊ ကျေးလက်အိမ်ရာ(၃၂)လုံး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ (၂၄၃) ယူနစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(၁၈၆၄)ရွာ၊ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်း(၄၅)ရွာ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (၅၂)ယူနစ်၊ Cash for Work စီမံကိန်းကျေးရွာ(၉၈)ရွာ၊ အသက်မွေးဝမ်းကျောင်းသင်တန်း (၄၁၂) ကြိမ်တို့ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများမှ ကျေးရွာပေါင်း (၅၅၃၈)ရွာ၊ အိမ်ထောင်စု ၂ ဒသမ ၄၄ သန်း၊ လူဦးရေ ၁၂ ဒသမ ၉သန်းကို အကျိုးပြုနိုင်ခဲ့ ပါကြောင်း၊ ယခုလို ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ သည့်အတွက် ဦးစီးဌာနရုံးအဆင့်ဆင့်မှ ဝန်ထမ်းများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားနည်းချက် အားသာချက်များကို ဝိုင်းဝန်းသုံးသပ်ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် မူဝါဒများ ချမှတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံနှင့် ဝါအပါအဝင် စီမံကိန်းဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးဆောင်ရွက်ရာတွင် လိုအပ်သည့် သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများအား မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်းများမှ ထောက်ပံ့ဆောင်ရွက်ပေးခြင်းနှင့် ဆိုလာစိုက်ပျိုးရေတင်စနစ် ဆောင်ရွက်ပေးခြင်းတို့ကို အခြား ဆက်စပ်ဦးစီးဌာနများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက ဦးစီးဌာန ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေပေးရေး၊ ကျေးလက်ကုန်ထုတ်လမ်း၊တံတား၊ ကျေးလက်မီးလင်းရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက် အားနည်းချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက တိုင်း ဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများ၏ တင်ပြချက်များ အပေါ်ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကြပြီး ညွှန်ကြား‌ရေးမှူးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

     


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm