Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ်၌ ရွာသစ်ကျေးရွာ၌ မြေသားရေကန် တိုးချဲ့ တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်‌ နေမှု စစ်ဆေး


21 May,2024

သရက်မြို့နယ်၌ ရွာသစ်ကျေးရွာ၌ မြေသားရေကန် တိုးချဲ့ တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်‌ နေမှု စစ်ဆေး
သရက် မေ ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ၊မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေရှားပါးသည့် ကျေးရွာများအား  နွေရာသီကာလ ရေရှားမှုကို ကြိုတင်ကာကွယ်ရန် နှင့် သောက်သုံးရေများဖူလုံစွာရရှိစေရန် ရည်ရွယ်၍   မိုးရာသီမတိုင်မီ ဦးစားပေးဆောင်ရွက်ခဲ့သည့်  မြေသားရေကန် တိုးချဲ့ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ဘန့်ပြင် ကျေးရွာအုပ်စု၊ ရွာသစ် ကျေးရွာ၌   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း နှင့် အင်ဂျင်နီယာ ဝန်ထမ်းများသည် ရွာသစ် ကျေးရွာတွင် သောက် သုံးရေရရှိရေးအတွက်   အလျား ၁၅၀ ပေ ၊အနံ ၇၃ ပေ၊အနက် ၇ ပေ ရှိ မြေသားရေကန် တိုးချဲ့ တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက  ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ  သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်   ဆွေးနွေးမှာကြားပြီးကျေးရွာတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနိူင်း ဆောင်ရွက်ပေးခဲ့သည်။

ရွာသစ်ကျေးရွာ၌ မြေသားရေကန် တိုးချဲ့ တူးဖော်ခြင်းလုပ်ငန်း ကို   ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၂၆ သိန်းဖြင့် ဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများနှင့် ကျေးရွာသူ/သားများ ပူးပေါင်း၍ ယခုနှစ်  မေလ ၁၆ ရက်နေ့မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ  ယခုအခါ လုပ်ငန်း ဆောင်ရွက်မှုမှာ ၂၅ ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့်  အဆိုပါ‌ မြေသားရေကန် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ  အိမ်ခြေ ၉၃ အိမ်၊ လူဦးရေ ၃၅၅ ဦးတို့အတွက်  နွေရာသီကာလအတွင်း ရေရှားပါးသည့် ပြသာနာများ ပြေလည်ကာ  သန့်ရှင်းသော  သောက်သုံးရေများ ရာသီမရွေးဖူလုံစွာရရှိမည် ဖြစ်ကြောင်း သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း ထံ မှသိ ရသည်။
ဇင်မာ

ဇင်မာဦး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm