Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒဿမအကြိမ် ထုတ်ချေး


21 May,2024

တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒဿမအကြိမ် ထုတ်ချေး

တနိုင်း မေ ၂၁

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မိုင်းခွန်ကြေးရှာအုပျစု၊ မိုင်းခွန်ကျေးရွာ၌ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒဿမအကြိမ်မြောက် ထုတ်ချေးပေးခြင်းအား မေလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက  အဆိုပါကြေးရှာ စာသင်ကျောင်း၌ ကျင်းပခဲ့သည်။

ထိုသို့ ချေးငွေများထုတ်ချေးပေးရာတွင် တနိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေး လက်လူနေမှုအဆင့်အတန်းကွာဟမှုကို လျှော့ချနိုင်စေရန်ရည်ရွယ်၍ ရန်ပုံငွေများကို ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အသင်းသားများအနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါညွှန်ကြားချက်များနှင့်အညီ ချေးငွေရယူသည့်လုပ်ငန်းများအား အမှန်တကယ်အ
ကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ရန်ပုံငွေလေလွင့်မှုမရှိစေရေးနှင့် ကျေးလက် ဥပဒေပါ ပြဌာန်းချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တနိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးက မိုင်းခွန်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေ ကျပ် ၄၉၈ သိန်းအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက မိုင်းခွန်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၈၉ ဦးအတွက် ငွေကျပ် ၄၆၆ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၁၃ ဦးအတွက် ငွေကျပ် ၇၄ သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၂၄ ဦးအတွက် ငွေကျပ်သိန်း  ၁၁၀၊ စုစုပေါင်းအသင်းသား၊သူ ၁၂၆ ဦးကို ချေးငွေကျပ်သိန်း ၆၅၀ အား အသင်းသားတစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း တနိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးထံက သိရသည်။


                                                       နွဲ့ယဥ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm