Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းတုံမ်ြို့နယ်၊‌ မိုင်းဟန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


21 May,2024

မိုင်းတုံ  မေလ ၂၁ ရက်
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး‌ဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်ကွပ်ကဲမှုအောက်ရှိ မိုင်းတုံ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုင်းဟန်ကျေးရွာအုပ်စု၊ မိုင်းဟန် ကျေးရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ခရိုင်ဦးစီးမှူး  နှင့်  တာဝန်ရှိသူများက အဆိုပါကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာ  မိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင် နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများသည်  မိုင်းဟန် ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပတ်ရန်ပုံငွေ များဖြင့် အသင်းသူ/သားများမှစိုက်ပျိုးရေးလုပ်ငန်း၊မွေးမြူရေးလုပ်ငန်း နှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးသည်။
 
ထိုနောက်  ခရိုင်ဦးစီးမှူး က  မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ နှင့် တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင်   လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများပြည့်စုံ မှန်ကန်မှုရှိ/မရှိစစ်ဆေးပြီး လိုအပ်သည်များကို    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
 
မိုင်းဟန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး  ယခုအခါ ဆဌမအကြိမ်အဖြစ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်(၃၀၀)သိန်းအား အသင်းသူ/သား(၂၀)ဦးကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေး‌ထားပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင် ထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm