21 May,2024
မိုင်းတုံ မေလ ၂၁ ရက်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်ကွပ်ကဲမှုအောက်ရှိ မိုင်းတုံ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုင်းဟန်ကျေးရွာအုပ်စု၊ မိုင်းဟန် ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိသူများက အဆိုပါကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ မိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင် နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများသည် မိုင်းဟန် ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပတ်ရန်ပုံငွေ များဖြင့် အသင်းသူ/သားများမှစိုက်ပျိုးရေးလုပ်ငန်း၊မွေးမြူရေးလုပ်ငန်း နှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးသည်။
ထိုနောက် ခရိုင်ဦးစီးမှူး က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ နှင့် တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများပြည့်စုံ မှန်ကန်မှုရှိ/မရှိစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
မိုင်းဟန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဆဌမအကြိမ်အဖြစ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်(၃၀၀)သိန်းအား အသင်းသူ/သား(၂၀)ဦးကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးထားပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင် ထံမှ သိရသည်။