Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


24 Jan,2025

နေပြည်တော် ဇန်နဝါရီ ၂၄

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြား ရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများပိုမိုအောင်မြင်ရေးကွင်းဆင်းစစ်ဆေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဇီးဖြူကုန်းကျေးရွာရှိ လူဦးရေ ၃၈၁၈ ဦး တို့၏ စိုက်ပျိုးမြေဧက ၂၇၀၀ ကျော် အကျိုးပြုပေးနိုင်မည့် ဇီးဖြူကုန်းကျေးရွာ ကုန်ထုတ်လမ်း တံတားဖောက်လုပ်နေမှုအခြေအနေများအား ရောက်ရှိကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက်ရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များ ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန် စေရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ ကျေးရွာတောင်သူများကိုယ်တိုင်က မိမိတို့ကိုယ်တိုင် နှင့် မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်လိုသည့်စိတ်များ မွေးမြူကြရမှာ ဖြစ်ပြီး မိမိအကျိုး အများအကျိုး ရပ်ရွာအကျိုးအတွက် သမဝါယမစနစ်နှင့်အညီ စိတ်တူကိုယ်တူ ဆန္ဒတူသူများ စုပေါင်းပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရမှာဖြစ်သလို သတ်မှတ်စည်းကမ်းများကိုလည်း လိုက်နာရမှာဖြစ်ကြောင်း နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် ကုန်ထုတ်လမ်းတံတားဖောက်လုပ်နေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ရွှေစင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း အသင်းအမှုဆောင်များ၊ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဦးစီးမှူးက ရမည်းသင်းမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထားရှိမှု အခြေအနေများ၊ ရိတ်သိမ်းဆွတ်ခူးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီ တင်သွင်းမှုလျော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော် အကြီးအကဲမှ မူဝါဒလမ်းညွှန်ထားပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကဏ္ဍအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့်ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ သွင်းအားစုဓာတ်မြေဩဇာများကို အရည်အသွေး မှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ လက်ဝယ်အချိန်မီရောက်ရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒါ့အပြင် သမဝါယမချေးငွေများ၊ မြစိမ်းရောင်(နေကြာဆီထွက်သီးနှံ) စီမံကိန်းမှ ချေးငွေများဖြင့် ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် ရာသီအလိုက် မိမိတို့ဒေသ နှင့် ကိုက်ညီသော သီးနှံများစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးလိုအပ်သည့်မျိုးကောင်း မျိုးသန့်ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် နည်းပညာများအား ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသည့် သီးနှံများ အထွက်တိုးပြီး အကျိုးအမြတ်ရရှိမှသာ တောင်သူများမှ နောက်နောင် ထပ်မံစိုက်ပျိုးကြမှာ ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ဆောင်းနေကြာစိုက်ပျိုးထားရှိမှု များအား ကြည့်ရှုစစ်ဆေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ကန်ဘဲ့ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ရွှေကန်ဘဲ့စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း အသင်းအမှုဆောင်များ၊ ဆီထွက်သီးနှံနေကြာစိုက်တောင်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန  ဦးစီးမှူးက ရမည်းသင်းမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုများနှင့် ကန်ဘဲ့ကျေးရွာ နေကြာစိုက် သမဝါယမ အသင်းသားတောင်သူများ လိုအပ်သည့် မျိုးနှင့် သွင်းအားစုများ ထောက်ပံ့ပေးထားမှု အခြေအနေ များအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နေကြာစိုက် တောင်သူများအနေဖြင့် စိုက်ပျိုးထားသည့် နေကြာမျိုးအလိုက် တစ်ဧက အထွက်နှုန်းများကို စနစ်တကျမှတ်သားထားပြီး တစ်ဧက ကုန်ကျစရိတ်၊ တစ်ဧက အထွက်နှုန်း၊ တွက်ခြေကိုက်မှု ရှိ၊ မရှိ၊ အားသာချက်၊ အားနည်းချက်များကိုဖော်ထုတ်ပြီး ဆက်လက်စိုက်ပျိုးသည့် အခါတွင် အားနည်းချက်များကို ပြုပြင်၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သမဝါယမအသင်းမှ စိုက်ပျိုး ထားသော ဆောင်းနေကြာစိုက်ခင်းများမှ ထွက်ရှိလာသော နေကြာများအား သမဝါယမအသင်းပိုင် ဆီစက်များမှ ပွဲစားမလိုဘဲ ဒေသပေါက်ဈေးနှုန်းဖြင့် တိုက်ရိုက်ဝယ်ယူကြိတ်ခွဲပေးနိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေးအတွက် တစ်ဦးချင်းဆောင်ရွက်ခြင်း မပြုဘဲ အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုး အစားတူညီသူများ စိတ်တူ ကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ စုဖွဲ့လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ စုပေါင်း ဆောင်ရွက်ခြင်းမှ ရရှိလာသည့် အကျိုးအမြတ်များကို အသင်းသားများအကျိုးရှိအောင် ခွဲဝေပေးရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး အသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်