Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၌ အားကစားပစ္စည်းများ ပေးအပ်


24 Jan,2025

နေပြည်တော် ဇန်နဝါရီ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေမွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံ ခန့်ခွဲမှုပညာတက္ကသိုလ်သို့ သွားရောက်ပြီး ဘာသာရပ်အလိုက် ယှဉ်ပြိုင်နေကြသော အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေးပြီး တက္ကသိုလ်၏ အားကစား ကဏ္ဍမြင့်မားရေးအတွက် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားပစ္စည်းများကို ပေးအပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာဒေါ်ရီရီဝင်းနှင့် ကျောင်းသားကျောင်းသူ အားကစားသမားများ က လက်ခံရယူကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ဘက်စုံသုံးခန်းမ ရှေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အကူအညီဖြင့် မြေယာရှုခင်းအလှ ပြုပြင်ဆောင်ရွက်ထားမှုကို လည်းကောင်း၊ တက္ကသိုလ် လူမှုဆန်းသစ်တီထွင်မှုအထောက်အကူပြုယူနစ် (Social Innovation Support Unit) တွင် စာသင်ချိန်ပြင်ပ တက္ကသိုလ်လှုပ်ရှားမှုအစီအစဉ်ဖြင့် ခဲပန်းချီရေးဆွဲခြင်း၊ စက္ကူဖြင့် ပြုလုပ်သောလက်မှုအနုပညာများ၊ ချည်ထိုးလက်မှုပညာ လက်တွေ့ဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် စိုက်ပျိုးထားသော ပဲတီစိမ်း (၁၀) ဧက စိုက်ခင်းအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ တက္ကသိုလ် အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများနှင့် တွေ့ဆုံကာ မကြာမီ ရွေးချယ်ဆောင်ရွက်ပေးရမည့် တက္ကသိုလ် ပထမနှစ် များ၏ လူရည်ချွန်စာမေးပွဲအား သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ရွေးချယ် ပေးရန်၊ တက္ကသိုလ်၏ သုတေသနလုပ်ငန်းများ အဆင့်မြင့်မားရေး ကြိုးစားဆောင်ရွက်ကြရန်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော သမဝါယမစီးပွားရေး ပညာတတ်များ မွေးထုတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်း သက်သာချောင်ချိရေးအတွက် စိုက်ပျိုးထားသည့် သမဝါယမဦးစီးဌာန၏ သီးနှံစိုက်ခင်းမှ ထွက်ရှိ သော New Green F1 စပ်မျိုး ဘရိုကိုလီ ပန်းစိမ်းပွင့်များအား လက်ဆောင်ပေးအပ်ခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် သန်လျင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်ကာ ဦးစီးဌာန (၄) ခုမှ ခရိုင်အဆင့် မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ကြီး ဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး မိမိတို့ဝန်ထမ်းဘဝ တိုးတက်ရေးအတွက် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဘုရားကုန်းကျေးရွာ အဝင်လမ်း (၃၃၈၇) ပေ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်