Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒက္ခိဏသီရိမြို့နယ်၊ဇီးဖြူကုန်း‌ ကျေးရွာ၌ လယ်ယာဧကများစွာကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု စစ်ဆေး


28 Feb,2024

ဒက္ခိဏသီရိ  ဖေဖော်ဝါရီလ  ၂၈ ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရန်အောင်မြင် ကျေးရွာအုပ်စု၊ဇီးဖြူကုန်းကျေးရွာ၌  ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက   တာဝန်ရှိသူများမှ အဆိုပါ ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေါ်လဲ့လဲ့နိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများသည် ကျေးရွာကုန်ထုတ်လမ်းကော်မတီဝင် များနှင့်အတူ  ဇီးဖြူကုန်းကျေးရွာ တွင် ကျေးလက်ကုန်ထုတ်လမ်း အရှည်  ၃၄၅၀ပေ  ၊အကျယ် ၁၂ပေ၊ထု  ၉လက်မ ရှိ( မြေသား+ ရိစာ)ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့ စစ်ဆေးပြီး မြို့နယ်ဦးစီးမှူး မှ ကျေးရွာများရှိ ကျေးရွာသူ/သားများ၊ ရပ်မိရပ်ဖများ နှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီးဖွံဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံအောင် ဝိုင်းဝန်း ထိန်းသိမ်းကြရန် ဆွေးနွေးမှာ ကြားခဲ့သည်။

 အဆိုပါ ဇီးဖြူကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် ဆက်စပ်လုက်ငန်းများကို  ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၁၆ဒသမ ၉၅)သန်းကို အသုံးပြုကာ ခရိုင်/မြို့နယ် ဦးစီးဌာန ဝန်ထမ်းများ ၏ နည်းပညာ ပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ၂၀၂၃ခုနစ်၊ဒီဇင်ဘာလ  စတုတ္ထအပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအာလုံး  ရာနူန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ အဆိုပါ ကျေးရွာ ရှိ ကျေးလက်နေ ပြည်သူများ၏ လယ်ယာဧကများ  မှ ထွက်ရှိသည့်  လယ်ယာထုတ် ကုန်၊ထွက်ကုန်များ စျေးကွက်အတွင်းသို့ ကုန် ကျစရိတ်သက်သာစွာဖြင့်သယ်ယူပို့ဆောင် နိုင်ပြီဖြစ် ကြောင်း ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေါ်လဲ့လဲ့နိုင် ထံမှသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm