Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခန္တီးမြို့နယ် နန်မုံကျေးရွာ၌ KG ကျောင်းဆောင်တည်ဆောက်ခြင်းနှင့် စာသင်ကျောင်းအဝင် ဂိတ်တံခါးတည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးမှု စစ်ဆေး


28 Feb,2024

ခန္တီး ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် နန်မုံကျေးရွာ၌ KG ကျောင်းဆောင်တည်ဆောက်ခြင်းနှင့် စာသင်ကျောင်းအဝင် ဂိတ်တံခါးတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးနှင့် တာဝန်ရှိသူများက ခန္တီးမြို့နယ် နန်မုံကျေးရွာ၌ အလျားပေ ၂၀၊ အနံပေ ၃၀၊ အမြင့် ၁၃ ပေရှိ KG ကျောင်းဆောင်တည်ဆောက်ခြင်းနှင့် အရှည် ၁၈ ပေ၊ အမြင့် ခြောက်ပေရှိ စာသင်ကျောင်းအဝင် ဂိတ်တံခါးတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးက ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် အကျိုးရှိစွာ အသုံးပြုကြရန် ဆွေးနွေးပြောကြားသည်။
ခန္တီးမြို့နယ် နန်မုံကျေးရွာ၌ KG ကျောင်းဆောင်တည်ဆောက်ခြင်းနှင့် စာသင်ကျောင်းအဝင် ဂိတ်တံခါးတည်ဆောက်ခြင်း လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ် ၁၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် သုညဒသမ ၆၁ သန်း၊ စုစုပေါင်းငွေကျပ် ၁၅ ဒသမ ၆၁ သန်းအသုံးပြု၍ ခန္တီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသာများကိုယ်တိုင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်ကစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm