ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မံစီမြို့နယ်၊ မံသဲကျေးရွာ၌ ကုန်ထုတ်လမ်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း


21 Nov,2023

   ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မံသဲကျေးရွာတွင် ကုန်ထုတ်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ(၂၀၅.၀၅၉)ကျပ်သန်း ဖြင့် Ha Tha Ta ကုမ္ပဏီမှ ဆောင်ရွက်သည့် မံသဲကျေးရွာကုန်ထုတ်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို စစ်ဆေးကြပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး တာဝန်ရှိသူများကို မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

   မံစီမြို့နယ်၊မံသဲကျေးရွာတွင် ကုန်ထုတ်လမ်း မြေသားတာဘောင်မြှင့်တင်ခြင်းလုပ်ငန်း(၁၇၀၀'x၁၈'x၂')ပေ၊ သဲကျောက်ခင်းခြင်းလုပ်ငန်း(၆ ဖာလုံx၁၂'x ၉")ပေနှင့် အဆိုပါလမ်းပေါ်တွင် Slab Culvert တည်ဆောက်ခြင်းလုပ်ငန်း ကို အောက်တိုဘာလ ၁၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၂၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ရာနှုန်းပြည့်ပြီးစီးပါက ဒေသထွက်စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် မြို့ပေါ်ဈေးကွက် အရောက်တင်ပို့ရောင်းချနိုင်မည်ဖြစ်ရာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm