Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုခါမုန်တိုင်းအရှိန်ကြောင့် စလင်းမြို့နယ်ရှိ ပိန္နဲပင်-ငါးသန်ခေါင်းတံတား ချဉ်းကပ်လမ်းပျက်စီးမှု ကွင်းဆင်းစစ်ဆေး


05 Jun,2023

မကွေး ဇွန် ၃

        မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၌ မိုခါမုန်တိုင်းအရှိန်ဖြင့် မိုးရွာသွန်းမှုများပြားကာ  စလင်းချောင်းရေ တိုက်စားမှုကြောင့် ပိန္နဲပင်-ငါးသန်ခေါင်းတံတား ပေ ၈၂၀ ကွန်ကရစ်တံတား၏ ချဉ်းကပ်လမ်း ပျက်စီးမှုကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

         ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး (မြို့ပြ) (တံတားတည်ဆောက်ရေး)၊ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) နှင့် ခရိုင်/မြို့နယ် တာဝန်ရှိသူများနှင့်အတူ မိုခါ မုန်တိုင်းအရှိန်ဖြင့် မိုးရွာသွန်းမှုကြောင့် ပိန္နဲပင်-ငါးသန်ခေါင်းတံတား ပေ ၈၂၀ ကွန်ကရစ်တံတား၏ ငါးသန်ခေါင်းရွာဘက်ခြမ်းရှိ ချဉ်းကပ်လမ်း အလျား ပေ ၁၂၀၀ ခန့် ပျက်စီးသွားမှုကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm