Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပေါက်တောမြို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ


25 May,2023

စစ်တွေ မေ ၂၄

မေလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၏ ခရီးစဉ်နှင့်အတူ စစ်တွေခရိုင်၊ ပေါက်တောမြို့သို့ လိုက်ပါလာခဲ့သော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး လေဘေး သင့် ပျက်စီးခဲ့သော ရုံးအဆောက်အဦအား ကြည့်ရှုစစ်ဆေးကာ ပြန်လည်ပြုပြင်တည်ဆောက်ရေး ညှိနှိုင်းဆွေးနွေး မှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံ အားပေးစကား ပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မြို့နယ်သမဝါယမဦးစီးဌာနမှူးရုံးသို့ သွားရောက်ပြီး လေဘေးသင့်၍ ပျက်စီးခဲ့သော ရုံးအဆောက်အဦနှင့် ခြံစည်းရိုးအား ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm