Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမပိုင်ဆီစက်များ စွမ်းအားပြည့်လည်ပတ်နိုင်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ


25 Mar,2023

နေပြည်တော်၊ မတ် ၂၄

ပြည်တွင်းစားသုံးမှုဖူလုံစေရေးအတွက် သမဝါယမအသင်းများက ဆီစက်များကို တည်ထောင်ဆောင်ရွက်လျက်ရှိရာ ဆီစက်များစွမ်းအားပြည့် လျာထားချက်ပြည့်မီအောင် ထုတ်လုပ် လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး အစည်းအဝေးခန်းမတွင် ယနေ့ နေ့လည်(၁:၃၀)နာရီက Online ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ၊ ကချင် ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးများနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိများ၊ မြို့နယ်သမ ဝါယမအသင်းစုဥက္ကဋ္ဌများနှင့် ဆီစက်လုပ်ငန်းလုပ်ကိုင်ကြသည့် သမဝါယမအသင်းများမှတာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ဆီစက်များ စွမ်းအား ပြည့်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ကြရန်၊ သီးနှံများပေါ်ချိန်တွင် ကုန်ကြမ်းများ ဝယ်ယူ သိုလှောင်ထားရရှိရေး၊ ဈေးကွက်များရရှိနိုင်ရေး၊ သမဝါယမအသင်းသားတောင်သူများက ဆီထွက် သီးနှံများ လာရောက်ရောင်းချပါက Refund ပြန်လည်ထုတ်ပေးနိုင်ရေးတို့အတွက် အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

နေပြည်တော် ပုပ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာရှိ ကျောက်စိမ်းလယ်ယာနှင့်အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းပိုင်ဆီစက်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်သမဝါယမ အသင်းစုပိုင်ဆီစက်နှင့် အောင်လံမြို့နယ်သမဝါယမအသင်းစုပိုင်ဆီစက်၊ ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်သမဝါယမအသင်းစုပိုင်ဆီစက်နှင့် ရွှေတောင်မြို့နယ်သမဝါယမအသင်းစုပိုင်ဆီစက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်သမဝါယမအသင်းစုပိုင်ဆီစက်နှင့် ဟင်္သာတမြို့နယ် သမဝါယမအသင်းစုပိုင်ဆီစက်၊ ကချင်ပြည်နယ် မြစ်ကြီးနားနှင့် မိုးညှင်းမြို့နယ်တို့တွင် ဆီစက်များ တည်ထောင်လည်ပတ်၍ ဆီကြိတ်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဆီစက် များမှ စွမ်းအားပြည့်လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ဆီထွက်နှုန်းကောင်းမွန် စေရေးနှင့် ဆီကျန်ပါဝင်မှုနည်းပါးစေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိ ရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm