ငဖဲမြို့နယ် စာတတ်ကူကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
ငဖဲ မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သာယာကုန်းကျေးရွာအုပ်စု စာတတ်ကူကျေးရွာမြစိမ်းရောင်ကျေးရွာတို့အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ်အဖြစ် ငွေကျပ် ၃၉၇သိန်းကို မြို့နယ်တာဝန်ရှိသူများ လိုက်ပါကြီးကြပ်ပြီး ကျေးရွာအရောက်ကွင်းဆင်း ထုတ်ချေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝိုင်းယုမော်က ကျေးလက်နေပြည်သူ များ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်ဝိုင်းယုမော်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက စာတတ်ကူကျေးရွာရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီများထံ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်တီဝင်များက စာတတ်ကူ ကျေးရွာရှိ စိုက်ပျိုးရေး လုပ်ကိုင်သူ ၆၄ဦးနှင့် မွေးမြူရေးလုပ်ကိုင်သူ ၄၅ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ ၃၄ဦးနှင့် သက်မွေးလုပ်ငန်းလုပ်ကိုင်သူ ၃၁ဦး စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၇၄ဦးတို့ကို ပဉ္စမအကြိမ်အဖြစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ် ၃၉၇သိန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝိုင်းယုမော်နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများ၊ ကျေးရွာနှစ်ရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ၊ အသင်းသူ အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြူလေး
Related News and Articles
Dial these numbers and email in case of any emergency