Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ဖြင့် ဆောင်ရွက်သည့် အုတ်တွင်းမြို့နယ်၊ ခေါင်ရမ်းကျေးရွာ နေကြာစိုက်ပျိုးရိတ်သိမ်းထားရှိမှု ကွင်းဆင်းစစ်ဆေး


21 Mar,2023

 ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခေါင်ရမ်းကျေးရွာအုပ်စု၊ ခေါင်ရမ်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် နေကြာအပါအဝင် ဆီထွက်သီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေအား အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

                    ထိုသို့စစ်ဆေးရာတွင် အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်နှင့် ဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် များနှင့်အတူ ခေါင်ရမ်းကျေးရွာ၌ နေကြာသီးနှံစိုက်ပျိုးရိတ်သိမ်းထားရှိမှုအခြေအနေကို စစ်ဆေးခဲ့ပြီး ကျေးရွာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

                    အဆိုပါကျေးရွာတွင် နေကြာစိုက်တောင်သူ (၈၀)ဦးကို ငွေ(၁၇.၅၅)သန်း၊ မြေပဲစိုက် တောင်သူ(၃)ဦးကို ငွေ(၀.၃)သန်းနှင့် အခြားသီးနှံစိုက်တောင်သူ (၃၄)ဦးကို ငွေ(၁၂.၁၅)သန်း စုစုပေါင်း အသင်းသား/သူဦးရေ (၁၁၇)ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် သန်း(၃၀) ထုတ်ချေးပေးထားပြီး ၁၈-၄-၂၀၂၃ ရက်နေ့တွင် ချေးငွေအတိုး၊ အရင်းပြန်လည်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm