Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“အသေးစားစက်မှုလက်မှု ထုတ်ကုန်နှင့်ထုတ်ပိုးမှုဆိုင်ရာ စက်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲနှင့်ဈေးရောင်းပွဲတော်” ဒုတိယနေ့ ဆက်လက်ကျင်းပလျက်ရှိ


18 Mar,2023

နေပြည်တော် ၊ မတ်လ ၁၈

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတောင်ဘက်မုဒ်ရှေ့ရှိတပေါင်းကွင်း၌ ၇၈ နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ “အသေးစားစက်မှု လက်မှုထုတ်ကုန်နှင့် ထုပ်ပိုးမှုဆိုင်ရာစက်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲနှင့်  ဈေးရောင်းပွဲ”   (၁၇-၃-၂၀၂၃) မှ (၁၉-၃-၂၀၂၃) ရက်နေ့အထိ ကျင်းပလျက်ရှိပါသည်။

အဆိုပါ  “အသေးစားစက်မှုလက်မှု ထုတ်ကုန်နှင့်ထုတ်ပိုးမှုဆိုင်ရာစက်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲနှင့်ဈေးရောင်းပွဲတော်”၏ ဒုတိယနေ့တွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှ အသေးစားစက်မှုလက်မှုဆိုင်ရာယွန်း၊ ရက်ကန်းနှင့် စားသောက်ကုန်၊ လူသုံးကုန်ဆိုင်ရာ ထုတ်ကုန် ပြခန်းပေါင်း (၄၉)ခန်းနှင့်ထုပ်ပိုး မှုဆိုင်ရာ စက်ပစ္စည်းပြခန်း(၁၇)ခန်းစုစုပေါင်းပြခန်း (၆၆)ခန်းကို  နံနက်(၈)နာရီမှ  ညနေ(၁၇:၃၀) နာရီထိ    ဆက်လက်ခင်းကျင်းပြသရောင်းချလျက်ရှိပြီးလာရောက် ကြည့်ရှုအားပေးသူများဖြင့်စည်ကားလျက်ရှိပါကြောင်းနှင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု၍ ကုန်ပစ္စည်းများအားချိုသာသော ဈေးနှုန်းများဖြင့်ဝယ်ယူအားပေးနိုင်ပါကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm