နေပြည်တော် မတ် ၁၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ အထက်အောက် အပြန်အလှန် လေးစားမှုဖြင့် ဌာနတွင်း စည်းလုံး ညီညွတ်ရေး တည်ဆောက်၍ ရင်းနှီးချစ်ခင်စွာ နေထိုင်ကြရန်၊ အခက်အခဲများ ရှိပါက တင်ပြကြရန်၊ ဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေကြိုးစားကြရန်၊ နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိလာသည်နှင့်အမျှ ဦးစီးဌာနအလိုက် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် သမဝါယမစနစ်ကို အခြေခံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ပြည်နယ်/ ဒေသ ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ သွားရောက်ကာ ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ သည်။
ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့ သွားရောက်ပြီး သင်တန်းသူများအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
Dial these numbers and email in case of any emergency