နေပြည်တော် မတ် ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များလိုက်ပါလျက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ငတောက်တက်ကျေးရွာသို့ သွားရောက်ပြီး သဇင် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား/ အသင်းသူများ၊ တာဝန်ရှိ သူများနှင့် တွေ့ဆုံကာ သမဝါယမစနစ်ဖြင့် နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ခြံလှောင်စနစ်ဖြင့် မွေးမြူရေး၊ ထွက်ရှိလာသော နွားချေးစွန့်ပစ်ပစ္စည်းမှ သဘာဝ မြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ရေး၊ နွားစာအတွက် အဲဗားဂရင်းမြက် စိုက်ပျိုးရေး ညှိနှိုင်း မှာကြားသည်။ ယင်းနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသန္တရ နွားမျိုးများ ဝယ်ယူရရှိရေး၊ တိရစ္ဆာန်ကာကွယ် ကုသရေး၊ နွားခြံတည်ဆောက်ရေး၊ မွေးမြူရေးဆိုင်ရာ သင်တန်းများ ပို့ချပေးရေး ရှင်းလင်းတင်ပြ ရာ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ငတောက်တက် ကျေးရွာရှိ သဇင် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းအနေဖြင့် နွားကောင်ရေ (၁၀၀) စုပေါင်းမွေးမြူသွားမည် ဖြစ်သည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ကြံတောကျေးရွာသို့ သွားရောက်၍ ခရေ မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ နွားကောင်ရေ (၁၃၇) ကောင် မွေးမြူ ရန် လျာထာဆောင်ရွက်နေခြင်းအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာရှိ ရွှေကျား ရက်ကန်း အလုပ်ရုံသို့ သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ကျောက်တန်းကြီး ကျေးရွာသို့ သွားရောက်ပြီး မြတ်နိုးပန်း စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ မိုးစပါး (၁၀၅) ဧကအား သမဝါယမစနစ်ဖြင့် စုပေါင်းစိုက်ပျိုးခြင်းလုပ်ငန်းအတွက် အထွက်နှုန်း တိုးရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး သို့ သွားရောက်ကာ ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
Related News and Articles
Dial these numbers and email in case of any emergency