Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရခိုင်ပြည်နယ် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


10 Mar,2023

နေပြည်တော် မတ် ၉

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များလိုက်ပါလျက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်  ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန()ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ယုံကြည်ချက်၊ ခံယူချက် ကောင်းမွန်စွာဖြင့် ပေးအပ်လာသော တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် ကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ပါတီနိုင်ငံရေး ကင်းရှင်းရန်၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များအပေါ် ဦးစီးဌာန()ခု ညီညီညွတ်ညွတ် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါရုံး၌ပင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ ပြည်နယ်အဆင့် ခရိုင်အဆင့် ဦးစီးမှူးများ၊ ရခိုင်ပြည်နယ် သမဝါယမအသင်းစုချုပ်၊ ယွန်းလျှံ လယ်ယာအထောက်အကူပြုကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ သမဝါယမစနစ်ဖြင့် နွား မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဒေသနွားမျိုးများ ဝယ်ယူရရှိရေး၊ နွားစာအတွက် အဲဗားဂရင်းမြက် စိုက်ပျိုးရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။  

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ ရက်ကန်းနှင့် အသက်မွေးပညာကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးက ဖွင့်လှစ်ပို့ချနေသော သင်တန်းအမျိုးအစားများ၊ ဖွဲ့စည်းပုံအင်အား၊ တည်နေရာ အကျယ်အဝန်းတို့ အား ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက မြန်မာ့ရိုးရာ ယဉ်ကျေးမှုအခြေခံ ခေတ်မီဆန်းသစ်သော ရက်ကန်းဒီဇိုင်းများ တီထွင်ထုတ်လုပ်နိုင်ရေး၊ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ဖွင့်လှစ်သင်ကြားပေးမည့် Diploma သင်တန်းသို့ ဆက်လက်သင်ယူခွင့် ရရှိရန် ကြိုးစားကြရေး မှာကြားကာ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ () နှစ် သင်တန်းနှင့် လက်ရက်ကန်း () သင်တန်းတို့တွင် စာတွေ့လက်တွေ့ လေ့လာသင်ယူနေကြသော သင်တန်း သူ (၃၀) ဦးတို့အား အားပေးစကားများ ပြောကြားခဲ့သည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သော ကျက်တောပြင် ကျေးရွာ၏ အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းနှင့် ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အတိုးရငွေဖြင့် ဆောင်ရွက်နေသော ပျားလည်ချောင်းကျေးရွာ၏ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆောင်ရွက်နေမှုများ အပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီ ဝင်များနှင့် တွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ယင်းနေ့ ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်တွေ့ဆုံကာ စစ်တွေမြို့နယ် တောကန်ကျေးရွာနှင့် ငတောက်တက် ကျေးရွာတို့တွင် သမဝါယမအသင်းများ ဖွဲ့စည်း၍ နွားမွေးမြူ ဆောင်ရွက်မည့်အခြေအနေ၊ ဒေသ နွားမျိုးများ ဝယ်ယူမည့်အခြေအနေ၊ နွားစာအတွက် စီစဉ်ဆောင်ရွက်မည့်အခြေအနေတို့အား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm