Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြင်ဦးလွင်မြို့နယ်တွင် နိုင်လွန်ကတ္တရာ လမ်း သစ်ပွင့်ပွဲ၊ သဲတောရေလွှဲဆည်ဖွင့်ပွဲနှင့် ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ်ဖွင့်ပွဲများကျင်းပ


06 Mar,2023

မန္တလေး မတ် ၃

          (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြင်ဦးလွင်မြို့နယ်တွင် နိုင်လွန် ကတ္တရာလမ်းသစ်ဖွင့်ပွဲ၊ သဲတောရေလွှဲဆည်ဖွင့်ပွဲနှင့် ကျေးရွာ ချင်းဆက် ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်း အနားများကို ယနေ့နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၅) ရှိ မြို့ပတ်လမ်းနိုင်လွန်ကတ္တရာအဆင့်မြှင့်တင်ခြင်း လမ်းသစ်ဖွင့်လှစ်မည့်မုခ်ဦးသို့ ရောက်ရှိကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ကအဖွင့်အမှာစကားပြောကြားပြီး မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက ဘဏ္ဍာနှစ်အလိုက်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကိုပြောကြားကာ မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့ပတ်လမ်းနိုင်လွန်ကတ္တရာ လမ်းဖွင့်ပွဲ မုဒ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်းကြီးများနှင့် ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိ ကြီးများက နိုင်လွန်ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

            ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နားလင်းကျေးရွာအုပ်စု ချောင်းခြားကျေးရွာ၌ ကျင်းပသည့် သဲတောရေလွှဲဆည်ဖွင့်ပွဲသို့ ရောက်ရှိကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

           ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကျေးရွာ ဆည်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက သဲတောရေလွှဲဆည်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ကျေးရွာဆည်ကော်မတီ ဥက္ကဌထံသို့ လွှဲပြောင်းပေးအပ်သည်။

           ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် အထူးကုဆရာဝန်ကြီးများ၏ အခမဲ့ ကွင်းဆင်းရောဂါရှာဖွေဆေးကုသရေးလုပ်ငန်းများနှင့် ကျန်းမာရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် သင်္ဂတုံကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိပြီး ဒေသခံပြည်သူ ၇၃၂ ဦးအား ရောဂါစစ်ဆေးခြင်းများ၊ ဆေးဝါးကုသပေးနေမှုများကို လိုက်လံကြည့်ရှု့အားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

             ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် သိမ်အင်း-သဲဖြူချောင်း ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲသို့ ရောက်ရှိကာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားပြီး ဒေသခံရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကြပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

            ဆက်လက်၍ တိုင်းဒသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့ရှိ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများလီမိတက် အထည်ချုပ်စက်ရုံသို့ ရောက်ရှိပြီး မြန်မာနိုင်ငံအနှံ့အပြား သို့ ဖြန့်ဖြူးရောင်းချပေးနေသည့် နိုင်ငံခြားမှ တင်သွင်းသော ကုန်ကြမ်းများဖြင့် အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ ကလေးများအတွက် ဒီဇိုင်းမျိုးစုံချုပ်လုပ်ထားသည့် Smart Brand ချုပ်ထည်များ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှု့အားပေးကြသည်။

          ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့တော်ခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

        ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် လီတာ ၁၂၀ ဝင် အမှိုက်ပုံးများကို တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့က ပြင်ဦးလွင်မြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်း ငါးကျောင်းမြို့နယ်စည်ပင်သာယာရေးရုံး၊ ပြင်ဦးလွင်တပ်နယ်နှင့် နယ်မြေခံတပ်မတော်ဆေးရုံ တို့အတွက် အမှိုက်ပုံးများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မျိုးကျော်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm