Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Daedong လယ်ယာသုံးထွန်စက်များ ကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှုသင်တန်းဖွင့်ပွဲ ကျင်းပ


08 Mar,2023

ပုသိမ်၊ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)၌ မတ်လ ၆ ရက်နေ့က Daedong လယ်ယာသုံးထွန်စက်များ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်း မှုသင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ တာဝန်ရှိ သူများ၊ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီး နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများအဖြစ် ဧရာဝတီတိုင်းဒေသကြီးစက်မှုလယ်ယာဦးစီး ဌာနမှကျွမ်းကျင်ပညာရှင် ၃ ဦး၊ IME Co-Ltd ကုမ္ပဏီမှ ပညာရှင်နှင့် မြို့နယ်(၂၆)မြို့နယ်မှ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက အမှာစကားပြောကြားရာ၌ သင်တန်းသားများအနေဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် လယ်ယာသုံးစက်ကိရိယာများ စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းမောင်းနှင်၍ လယ်ယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူဖြစ်စေ ရေးနှင့် သမဝါယမလယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ကြရန် ပြော ကြားခဲ့သည်။

Daedong လယ်ယာသုံးထွန်စက်များ ကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှုသင်တန်းကို (၆-၃-၂၀၂၃) မှ(၁၀-၃-၂၀၂၃)ရက်နေ့ထိ သင်တန်းသား ၃၀ ဦးဖြင့် သင်တန်းကာလ ၅ ရက်ကြာ စာတွေ့ လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm