Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သစ်အခြေခံပရိဘောဂသင်တန်း(TOT)အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲကျင်းပ


06 Mar,2023

နေပြည်တော်၊ မတ် ၆

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)နှင့် စက်မှုလက်မှုအလုပ်ရုံ(ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် မည်သည့်သစ်အခြေခံပရိဘောဂလုပ်ငန်းများကိုမဆို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်နှင့် သစ်အခြေခံပရိဘောဂသင်တန်းများပေးရာတွင် အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော နည်းပြများ ဖြစ်လာစေရန် ရည်ရွယ်၍ သစ်အခြေခံပရိဘောဂ(TOT)သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ကို ယနေ့ နံနက် ၁၀နာရီတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ Incubation Centre ၌ ဖွင့်လှစ်သည်။

               အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြ၊ သင်တန်းသား(၆)ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှုလက်မှုလုပ်ငန်းများထွန်းကားလာခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် မျှော်မှန်းချက်နှင့်အညီ အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနအနေဖြင့် နိုင်ငံအတွင်း ပေါများစွာထွက်ရှိသည့် သစ်၊ ဝါးများကို အခြေခံ၍ လက်မှုထည်သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ သင်ကြားပေးသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်များ အောင်မြင်ရန်အတွက် ဌာနမှာရှိသည့် ဝန်ထမ်းများ ကိုယ်တိုင်ကလည်း အရည်အသွေးပြည့်ဝသော ဝန်ထမ်းများဖြစ်ရန်လိုအပ်ပါကြောင်း၊ ထိုလို အပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရုံးချုပ်အနေဖြင့်လည်း ဌာနခွဲများအလိုက် သက်ဆိုင်ရာ TOT သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် မိမိကိုယ်တိုင်က သေချာလေ့လာ သင်ယူရမည်ဖြစ်သလို သူတစ်ပါးကိုရှင်းလင်း သင်ပြရာမှာလည်း အသင်အပြကောင်းသည့် နည်းပြများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

             သင်တန်းတွင် စိန်ဆက်တီပြုလုပ်ပုံအဆင့်ဆင့်၊ ဆက်တီဒီဇိုင်းအမျိုးမျိုးပြုလုပ်နည်း၊ ပန်းကနုတ် ဒီဇိုင်းရေးဆွဲခြင်း၊ ပန်းကနုတ်ဖောက်ခြင်းနှင့် ပန်းကနုတ်ပြုလုပ်နည်းတို့ကို (၆-၃-၂၀၂၃)ရက်နေ့မှ (၁၂-၃-၂၀၂၃)ရက်နေ့အထိ (၇)ရက်ကြာ သင်တန်းသား(၆)ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm