Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်နှင့်ဆီ ဖြန့်ဖြူးရောင်းချပေး


06 Mar,2023

ဘားအံ၊ မတ် ၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ပေါ်ရှိ ဌာနဆိုင်ရာများမှဝန်ထမ်းများ သက်သာချောင်ချိ ရေးအတွက် ကရင်ပြည်နယ်သမဝါယမဦးစီးဌာနအစီအစဉ်ဖြင့်သမဝါယမဦးတည်ချက်၊ ရည်မှန်းချက် များနှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ငွေဖြင့် ရယူဆောင်ရွက်လျက်ရှိသော ဘားအံမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်းနှင့် စမ်းပွင့်ဆီစက်လုပ်ငန်းရှင်များ သမဝါယမအသင်းတို့မှ ဒေသတွင်းထုတ်လုပ်သည့် ဆန်နှင့်ဆီများအား ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ဆန် ၄၆၆ အိတ်၊ တန်ဖိုး ၂၇၈၁၅၃၇၆ ကျပ်အားလည်းကောင်း၊ မြေပဲဆီ ၇၀၀.၅ ပိဿာ၊ တန်ဖိုး ၉၆၆၆၉၀၀ ကျပ်အား လည်းကောင်း၊ စုစုပေါင်းတန်ဖိုး ၃၇၄၈၂၂၇၆ ကျပ်အား ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် ပြင်ပပေါက်ဈေးထက် ဆန်တစ်ပြည်၊ မြေပဲဆီတစ်ပိဿာအပေါ် တွင် ၅၀၀ ကျပ်ပတ်ဝန်းကျင်ခန့် လျော့နည်း၍လည်းကောင်း ရောင်းချပေးနိုင်ခဲ့ပြီး စုစုပေါင်းတန်ဖိုး ၅၉၄၂၂၅၀ ကျပ်အား သက်သာအောင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ကရင်ပြည်နယ်သမဝါယမဦးစီး ဌာနအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ လိုအပ်ချက် များ အပေါ်မူတည်၍ ဆန်နှင့် ဆီများအား ဝန်ထမ်းများ သက်သာချောင်ချိရေးရှေးရှု၍ ၂၀၂၃ ခုနှစ် မတ်လမှစတင်ပြီး လစဉ်ပထမပတ်အတွင်း လကုန်ပေးစနစ်ဖြင့် စဉ်ဆက်မပြတ်ဖြန့်ဖြူးရောင်းချ ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm