မြစ်ကြီးနား၊ မတ် ၃
ကချင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျော့ချ ရေးအတွက် စီမံကိန်းချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်သမဝါယမဦးစီးဌာနအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးသော မြို့နယ် ၁၃ မြို့နယ်မှ အသင်းပေါင်း ၂၈ သင်း၊ အသင်းသားတောင်သူ ၂၂၃၆ ဦး၏ မုန်ညှင်းစိုက်ဧက ၈၉၃ ဧက၊ နှမ်းစိုက်ဧက ၆၂၈ ဧက၊ မြေပဲစိုက်ဧက ၂၁၁၃ ဧက၊ နေကြာစိုက်ဧက ၉၀၅ ဧက၊ စုစုပေါင်း သီးနှံစိုက်ဧက ၄၅၃၉ ဧက၊ ကန်ထရိုက်လယ်ယာလုပ်ငန်းဆောင်ရွက်သော မြို့နယ် ၂ မြို့နယ်မှ အသင်းပေါင်း ၄ သင်း၏ မြေပဲစိုက်ဧက ၅၂၆ ဧက၊ နေကြာစိုက်ဧက ၁၁၉၊ စုစုပေါင်းသီးနှံစိုက်ဧက ၆၄၅ ဧက တိုးချဲ့စိုက်ပျိုးခဲ့ပြီး ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ဝယ်ယူကြိတ်ခွဲ၍ ပြည်နယ်အတွင်းရှိ အသင်းသားပြည်သူများသို့ စားသုံးဆီဖူလုံရေးအတွက် ဖြန့်ဖြူးရောင်းချဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Related News and Articles
Dial these numbers and email in case of any emergency