Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းဖြတ်မြို့နယ်၌ ကျေးရွာချင်းဆက်ကြိုးတံတား ပြန်လည်ပြုပြင်နိုင်ရေး ကွင်းဆင်းစစ်ဆေး


27 Feb,2023

မိုင်းဖြတ် ဖေဖော်ဝါရီ ၂၅

         ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ဆိုင်းလေကျေးရွာအနီး နမ့်လုံချောင်းပေါ်တွင် တည်ဆောက်ထားသည့် ကျေးရွာချင်းဆက် ကြိုးတံတားကို ပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည့် အခြေ အနေများကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ကျေးလက်လမ်း ဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် အခြား တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ နမ့်လုံချောင်းပေါ်တွင် တည်ဆောက်ထားသည့် ဆိုင်းလေ-နားအယ်-နမ်ဟိုင်းစသည့် ကျေးရွာများသို့ ဆက်သွယ်သွားလာနိုင်သည့် ကျေးရွာချင်းဆက်တံတားကို ပြန်လည် ပြုပြင်နိုင်ရေးအတွက် မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       အဆိုပါကျေးရွာချင်းဆက် ကြိုးတံတားသည် နမ့်လုံချောင်းပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး တံတားအရှည် ပေ ၂၄၀ ရှိကာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် ချောင်းရေကြီးမှုဖြစ်ပွားခဲ့ရာမှ တံတားပျက်စီးမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm