Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေါပုံမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ဝင်များရွေးချယ်တင်မြှောက်ပွဲကျင်းပ


01 Feb,2023

ဒေါပုံ ၊ ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၁၉(Mini Budget) မှ ၂၀၂၁-၂၀၂၂(Mini Budget) ကာလအထိ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာ အဖွဲ့ဝင်များရွေးချယ်တင်မြှောက်ပွဲကို ဒေါပုံမြို့နယ်သမဝါယမအသင်းစုပိုင် ယမုံနာခန်းမ၌  ကျင်းပ ပြုလုပ်ခဲ့သည်။

နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် အသင်းစုဒုဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး တက်ရောက် ခဲ့ပြီး သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ ရှေ့လုပ်ငန်းစဉ်အတိုင်း အကောင် အထည်ဖော်ဆောင်ရွက်သွားရန်နှင့် သမဝါယမအသင်းအချင်းချင်း အထက်/အောက် ပေါင်းစပ် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ထို့နောက် အသင်းစုအမှုဆောင်အဖွဲ့က နှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းစစ်အစီရင်ခံစာ ဖတ်ကြားတင်သွင်းပြီး အတည်ပြုချက်ရယူခဲ့သည်။

ဆက်လက်၍ ဒေါပုံမြို့နယ်သမဝါယမအသင်းစု၏ ဒါရိုက်တာအဖွဲ့နှင့် အသင်းစာရင်းစစ်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကို တိုင်းဒေသကြီးဖွဲ့စည်းရေးကော်မတီက ဦးဆောင်၍ ဒါရိုက်တာအဖွဲ့ဝင် (၉)ဦး၊ အသင်းစာရင်းစစ်(၂)ဦးကို ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm