Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဓါတု၊ အဏုဇီဝဓါတ်ခွဲနည်းပညာသင်တန်း (ToT) အမှတ်စဉ် (၁/၂၀၂၃)ဖွင့်လှစ်


31 Jan,2023

ရန်ကုန်၊ ဇန်နဝါရီ ၃၁

              အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးရုံး များတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း/အမှုထမ်းများအား လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန်၊ ဓါတ်ခွဲစမ်းသပ်ဆောင်ရွက်ရာတွင် ကျွမ်းကျင်စွာလုပ်ကိုင် ဆောင်ရွက်တတ်စေရန်နှင့် အရည်အသွေးပြည့်ဝသော ဓါတ်ခွဲကျွမ်းကျင်ပညာရှင်များ ဖြစ်လာစေရန် အတွက် ဓါတု၊ အဏုဇီဝ ဓါတ်ခွဲ နည်းပညာသင်တန်း (ToT) အမှတ်စဉ် (၁/၂၀၂၃)  သင်တန်းကို ယနေ့နံနက် (၁၀:၀၀) အချိန်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဓါတ်ခွဲခန်း (ရန်ကုန်)၌ ဖွင့်လှစ်ခဲ့ပါသည်။

               သင်တန်းဖွင့်ပွဲအခမ်းအနားကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးမှ ညွှန်ကြားရေးမှူး၊ သင်တန်းတာဝန်ခံ၊ တာဝန်ရှိဝန်သူများ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးရုံးများမှ သင်တန်း သား/သူ(၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။ 

            အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးက သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် တက်ရောက်လာကြသော သင်တန်းသား/သူများအား ယခုဖွင့်လှစ်သည့်  သင်တန်းသည် ဌာနအတွက် ဓါတ်ခွဲစမ်းသပ် ဆောင်ရွက်ရာတွင် အရေးကြီး ပါကြောင်း၊ စားသုံးသူများနှင့်ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရန် ဓါတ်ခွဲစမ်းသပ်ချက်များ သည် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် သင်တန်းတက်ရောက်ပြီးစီးပါကလည်း မိမိတို့ဌာနတွင် ပြန်လည်အသုံးချစေလိုပါကြောင်း၊ ဓါတ်ခွဲစမ်းသပ်မှုများကို အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် ဌာန၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

            ဆက်လက်၍ သင်တန်းတာဝန်ခံက သင်တန်းနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ Chemical Parameter များ၊ Micro Parameter များ သင်ကြားပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ General Laboratory Standard Operating  Procedures များ လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

          အဆိုပါ သင်တန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ (၁၀)ရက် ကြာ သင်တန်းသား/သူ (၂၀)ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm