ကျောင်းကုန်း ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မြွေဟောက်- ကြာဂရက်လမ်း ခွဲကျောက်အမာခံလမ်းလုပ်ငန်း အခြေအနေအား ပုသိမ်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ယနေ့ မွန်းလွဲပိုင်းတွင် အရည်အသွေး ပြည့်မီစေရေး ကွင်းဆင်းစစ်ဆေးသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် “အောင်ဧရာသား” ကုမ္ပဏီက တင်ဒါအောင်မြင် ဆောင်ရွက်မည့် မြွေဟောက်- ကြာဂရက်လမ်းပိုင်း သည် လမ်း၏အရှည် သုညမိုင် လေးဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒုခြောက်လက်မဖြင့်ခွဲကျောက် အမာခံခြင်းလုပ်ငန်းအား ရန်ပုံငွေ ၄၈ ဒသမ ၅၅၀ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာလေးရွာ၊ အိမ်ခြေ ၅၈၆ အိမ်၊ လူဦးရေ ၂၀၈၀ အား အကျိုးပြုသောလမ်းဖြစ်သည်။
အဆိုပါ ခွဲကျောက်အမာခံလမ်း ခိုင်ခံ့စေရန်အတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေအားပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသူက ကွင်းဆင်းစစ်ဆေး၍ အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
Dial these numbers and email in case of any emergency