Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ သမဝါယမအသင်းပိုင် ဆီစက်လုပ်ငန်းအား ကြည့်ရှုအားပေး


09 Sep,2022

နေပြည်တော် စက်တင်ဘာ ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စုရှိ ကျောက်စိမ်း လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းပိုင် ဆီကြိတ်ခွဲစက်အား ကြည့်ရှု စစ်ဆေးရာ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ဆီစက်တည်ဆောက်ရေး အတွက် ပံ့ပိုးပေးမှုအခြေအနေများနှင့် ဖြုတ်ခွဲကျေးရွာအုပ်စု၊ ကျေးရွာ (၉) ရွာရှိ အသင်းသား တောင်သူများ၏ စိုက်ဧက (၆၈) ဧကမှ ထွက်ရှိသော ဆီထွက်သီးနှံများအား ကြိတ်ခွဲပေးနေမှု အခြေအနေများအားလည်းကောင်း၊ အသင်းဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ကျေးရွာအုပ်စုအတွင်း မြေပဲ၊ နေကြာ၊ နှမ်း စသည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်နှင့် အခြားကျေးရွာအုပ်စုများကပါ လာရောက်ကြိတ်ခွဲနိုင်ရေး အသိပေးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက် နေသော ညောင်ပင်သာကျေးရွာအုပ်စု၊ ထောက်ရှာပင်ကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းသို့ ရောက်ရှိခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအားလည်းကောင်း၊ ဒေသခံများမှ ဖွံ့ဖြိုးရေးလိုအပ် ချက်များအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော ကျွန်းဦးကျေးရွာ အုပ်စု၊ မအူပင်ကျေးရွာ ကုန်ထုတ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယ ဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သနပ္ပင်ဆိပ်အုပ်စု၊ သနပ္ပင်ဆိပ်အနောက်ကျေးရွာ၌ အသင်းသား (၇၂) ဦးဖြင့် တံမြက်စည်းထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ကျောက်စိမ်းဝေ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများ အား ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm