Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ပချေးငွေ၊ အကူအညီ/ အထောက်အပံ့ စီမံကိန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ


08 Sep,2022

နေပြည်တော် စက်တင်ဘာ ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပြည်ပချေးငွေ၊ အကူအညီ/ အထောက်အပံ့ စီမံကိန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ဒုတိယဝန်ကြီး ဦးဆောင်၍ ၇-၉-၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ရုံးအမှတ်(၁၆)ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် သက်ဆိုင်ရာဦးစီးဌာန/ဌာနခွဲများမှ စီမံကိန်း၊ဘဏ္ဍာရေးတာဝန်ခံ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ပချေးငွေ၊အကူအညီ/ အထောက်အပံ့ စီမံကိန်းများနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ဆဲ/ မပြီးပြတ်သည့် စီမံကိန်းများ၏လက်ရှိအခြေအနေများနှင့် ဖြေရှင်း ဆောင်ရွက်ပေးရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ဦးစီးဌာနများအလိုက် ရှင်းလင်း တင်ပြခဲ့ကြပြီး၊ တွေ့ကြုံနေရသည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm