Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ရွှေမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


04 Feb,2025

ညောင်ရွှေ ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အဆိုပါရုံးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် သဘာပတိ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလှထွဏ်းက နှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြခဲ့သည်။ ထို့နောက် ပြည်နယ်သမဝါယမ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်က တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌက ဆွေးနွေး မှာကြားပြီး ညောင်ရွှေမြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများဖတ်ကြားရှင်းလင်းခြင်း၊ အသင်းစာရင်း စစ်အစီရင်ခံစာနှင့် အမှာစာများကိုဖတ်ကြားရှင်းလင်းခြင်း၊ ရှေးလုပ်ငန်းစဥ်များချမှတ်ခြင်းနှင့် အသင်းဝင်ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များကိုရှင်းလင်းကာ အတည်ပြုချက်ရယူခြင်း များဆောင်ရွက်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုအမှုဆောင်များ၊ အသင်းဝင်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော မြို့နယ် အဆင့်တာဝန်ရှိသူများ စုစုပေါင်း ၉၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်