Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဟားခါးမြို့ရှိ မိမိဝန်ထမ်းများနှင့်တွေ့ဆုံ


23 Feb,2025

နေပြည်တော် ဖေဖော်ဝါရီ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်း၌ (၇၇) နှစ်မြောက် ချင်းမျိုးသားနေ့ အထိမ်း အမှတ် ခင်းကျင်းပြသထားသည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြခန်းတွင် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ တစ်ဦးချင်းအခက်အခဲ များကို မေးမြန်း၍ ကျန်းမာအောင်နေထိုင်ကြရန်၊ လုံခြုံရေး အသိဖြင့် သွားလာကြရန်၊ မိမိတို့ဝန်ထမ်းဘဝ တိုးတက်ရေးအတွက် ကိုယ်စီကြိုးစားအားထုတ်ကြရန် တိုက်တွန်း မှာကြားပြီး ဦးစီးဌာနအလိုက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ သည်။

အလားတူ ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းကလည်း ကလေးမြို့ရှိ ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ပြီး စားသောက် ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်