Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မြန်မာ့ရိုးရာထမင်းနဲထိုးပြိုင်ပွဲသို့ တက်ရောက်အားပေး


11 Feb,2025

နေပြည်တော် ဖေဖော်ဝါရီ ၁၁

          (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မြန်မာ့ရိုးရာထမင်းနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲဝင်အသင်းများ နှင့် အရာထမ်းအမှုထမ်းများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန (၄) ခုတို့မှ ပြိုင်ပွဲဝင်အသင်းများ၏ ထမင်းနဲထိုး ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး ဌာနတွင်း စည်းလုံး ညီညွတ်မှုရှိစေရန်၊ ရာသီအလိုက် ရိုးရာပွဲကို တန်ဖိုးထားမြတ်နိုးတတ်စေရန်နှင့် ဌာနချင်းပူးပေါင်း ဆောင်ရွက်မှု အားပေးမြှင့်တင်ရေးအတွက် ယခုကဲ့သို့ ပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း ပြောကြား သည်။

          ယင်းနောက် ထမင်းနဲထိုးပြိုင်ပွဲတွင် ဆုရရှိကြသည့် ဦးစီးဌာနအသင်းများအား ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

          ယနေ့ကျင်းပပြုလုပ်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစု များ၏ စတုတ္ထအကြိမ် ထမင်းနဲထိုးပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီးရုံးအသင်းမှ ထမင်းနဲ (၅) ဒယ်၊ သမဝါယမဦးစီးဌာနအသင်းမှ ထမင်းနဲ (၁၂) ဒယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အသင်းမှ ထမင်းနဲ (၁၂) ဒယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအသင်းမှ ထမင်းနဲ (၆) ဒယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအသင်းမှ ထမင်းနဲ (၈) ဒယ်၊ စုစုပေါင်း ထမင်းနဲ (၄၃) ဒယ် ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်