Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနက မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းနှင့် ချိတ်ဆက်၍ အသင်းသားပြည်သူများသို့ ဆန်နှင့်ဆီများ ဖြန့်ဖြူးရောင်းချခဲ့


07 Sep,2022

ရန်ကုန်၊ စက်တင်ဘာ  ၇

သမဝါယမအရောင်းဆိုင်များမှ ပြည်သူများသို့ အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၏ ပေါင်းစပ် ညှိနှိုင်းချက်အရ မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းမှ ပေါ်ဆန်း ၂၄ ပြည်ပါ ဆန်အိတ် ၁၈၀၀ နှင့် ပခုက္ကူဒေသထွက် မြေပဲဆီသန့်ပိဿာချိန် ၂၁၀၀ အား ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ မိုးဦးပန်းဒေသထွက်ကုန်အရောင်းဆိုင်အပါအဝင် မြို့နယ် ၁၅ မြို့နယ်ရှိ အသင်းသားပြည်သူများသို့ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm