Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် မွန်ပြည်နယ် ကျေးလက်ပြည်သူတို့၏လူမှုဘဝမြင့်မားစေမည်


05 Sep,2022

ဇွန်လ(၃)ရက်၊ ၂၀၂၁ ခုနှစ် (သို့မဟုတ်) နွေနှောင်းကာလ မိုးမကျတကျ နေ့တစ်နေ့.........။

          ကျွန်တော်သည် ရောက်ရှိနေသော ကရင်ပြည်နယ်ကို လက်ပြနှုတ်ဆက်၍ မွန်ပြည်နယ်သို့ သွား ရန် ကားကလေးကို မြို့တော် ဘားအံ ၏ သံလွင်မြစ်ကမ်းနားလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက် သို့ ဦးတည်မောင်းနှင်လာခဲ့သည်။ ဇွဲကပင်ဟိုတယ်အကျော် ဘားအံတံတား (သံလွင်)၏ ဘားအံဘက် ချဉ်းကပ်လမ်းပေါ်အရောက်တွင် တံတားကို ကွေ့မတက်ဘဲ လမ်းဆုံ၌တွေ့ရသည့် မွန်ပြည်နယ်၊ မော်လမြိုင်သို့ ဆိုသည် ဆိုင်းဘုတ် လမ်းညွှန်အတိုင်း မောင်းလာခဲ့သည်။ ဘားအံ-မော်လမြိုင်ကားလမ်း သည် ဖြောင့်တန်းလွန်းသောလမ်းဖြစ်ပြီး ဖောက်လုပ်ထားသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်သော်လည်း ထိန်းသိမ်းပြုပြင်ထားသောလမ်းဖြစ်၍ ကောင်းဆဲပင်ဖြစ်သည်။ အတ္ထရံတံတားအပါအဝင် ကြိုးတံတားနှစ်စင်းကို ဖြတ်ကျော်ပြီးသောအခါ ကျွန်တော် မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်သို့ ရောက်သည်။

ဒေသသမိုင်းအကျဉ်း

          မွန်ပြည်နယ်အဖြစ် ဖွဲ့စည်းထားသောနယ်မြေသည် ယခင်က တနင်္သာရီတိုင်းအတွင်း ပါဝင်ခဲ့ပြီး တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံး၏ (၂၀.၆.၁၉၇၂)ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် တနင်္သာရီတိုင်းတွင် ပါဝင်သော မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်းအမှတ်(၁)အဖြစ်လည်းကောင်း၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်းအမှတ်(၂)အဖြစ်လည်းကောင်း သတ်မှတ်ဖွဲ့စည်းခဲ့ သည်ဟုသိရသည်။ သို့သော် ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ(၇)ရက်နေ့မှစ၍ တော်လှန်ရေးကောင်စီခေတ်၊ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်၍ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အုပ်ချုပ်ရေးအခြေအနေများနှင့် လိုက်လျော ညီထွေဖြစ်စေရန် ပြင်ဆင်ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်သည် ခရိုင်(၂)ခု၊ မြို့နယ်(၁၀)မြို့နယ်၊ မြို့(၁၇)မြို့၊ ရပ်ကွက်(၁၀၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၆၈)အုပ်စုနှင့် ကျေးရွာပေါင်း(၁၁၄၃)ရွာရှိပြီး လူဦးရေမှာ  (၂၂၃၅၁၆၂)(နှစ်ဆယ့်နှစ်သိန်းကျော်)ရှိ၍ မြို့နေပြည်သူ (၈၄၈၉၈၃)ဦး၊ ကျေးလက်နေ လူဦးရေ (၁၅၄၁၄၆၅)ဦးရှိသည်။

          ထိုသို့ ပြည်နယ်အတွင်းရှိ လူဦးရေစုစုပေါင်း၏(၇၀)ရာခိုင်နှုန်းကျော်သော ကျေးရွာ(၇၃၃)ရွာမှ ကျေးလက်ပြည်သူတို့အတွက် မွန်ပြည်နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနသည် ၂၀၁၉-၂၀၂၀ ခုနှစ်ကုန် တွင် ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်း/ကွန်ကရစ်လမ်း ဖောက်လုပ်ပေးထားသည့် ကျေးရွာ ပေါင်း (၅၃၈)ရွာရှိနေပြီဖြစ်ပြီး၊ ခြောက်သွေ့ရာသီမှသာ သွားလာနိုင်သောလမ်းများရှိသည့် ကျေးရွာများ ကိုလည်း ရာသီမရွေး သွားလာနိုင်သည့် ကျေးလက်လမ်းများဖြစ်စေရန် ကြိုးပမ်းဖော်ဆောင်လျက်ရှိရာ ပြည်နယ်တစ်ခုလုံး၌ ကျေးလက်လမ်းမိုင် စုစုပေါင်း (၉၆၀/၄ ဒသမ ၄)မိုင်ရှိသည့်အနက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်တွင် ကွန်ကရစ်လမ်း (၁၁၀/၀)မိုင်၊ ကတ္တရာလမ်း (၃၂၃/၀)မိုင်၊ ကျောက်ချောလမ်း (၄၀/၁ ဒသမ ၃)မိုင်၊ ဂဝံ/ဂျင်းလမ်း (၈၅/ ၃ ဒသမ ၁) မိုင်၊ မြေသားလမ်း (၄၀၂/၀)မိုင် ရှိနေမည်ဖြစ် သောကြောင့် မွန်ပြည်နယ်အတွင်း နေထိုင်ကြသော ကျေးလက်နေပြည်သူ (၁ ဒသမ ၅)သန်းကျော် အတွက် မြေသားလမ်းသာရှိသော အခြေအနေမှ ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ ဂဝံအမာခံလမ်းများ ရှိလာတော့မည်ဖြစ်ပြီး ဒေသဆောက် ဝါးတံတား၊ သစ်သားတံတားများမှ သဘာဝဘေးဒဏ်ခံနိုင်သည့် သံကူကွန်ကရစ်တံတားများအဖြစ် လည်း နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလျာထား၍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

          ထို့အပြင် မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ဌာနစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကွန်ကရစ်လမ်း (၃၅/၆ ဒသမ ၁၁၉) မိုင်၊ ကတ္တရာလမ်း (၁၁၁/၀ ဒသမ ၆၄၈)မိုင်၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း (၁၇/၆ ဒသမ ၄၆)မိုင်၊ ကျောက်ချောလမ်း (၁၄/၀ ဒသမ ၇၆)မိုင်၊ မြေသားလမ်း (၃၉/၂ ဒသမ ၆၁)မိုင်၊ စုစုပေါင်း လမ်းမိုင် (၂၁၈/၀ ဒသမ ၅၉၇)မိုင်ကို ကျေးလက်နေပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ ကျေးလက်တံတားများအနေဖြင့်လည်း ကွန်ကရစ်တံတား (၅၄)စင်း၊ Box Culvert (၆၈)စင်း၊ ဘေလီ တံတား (၁)စင်း၊ အခြားတံတားလုပ်ငန်း (၈)ခု၊ စုစုပေါင်းတံတားလုပ်ငန်း (၁၂၃)စင်းတို့အား အဆင့်မြှင့်တင် ဆောင်ရွက် နိုင်ခဲ့သည်ဟုလည်း သိရသည်။

          ထို့အပြင် မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စုရန်ပုံငွေ ကျပ်(၂၀၁၃ ဒသမ ၅၂၆)သန်းဖြင့် ကတ္တရာလမ်း (၅/၆ ဒသမ ၇)မိုင်၊ ကတ္တရာထပ်ပိုးလွှာ(၁/၀)မိုင်၊ မြေသား/မြေချဲ့ခြင်း (၅/၅ ဒသမ ၅)မိုင်၊ စုစုပေါင်း (၁၂/၄ ဒသမ ၂)မိုင်နှင့် ကွန်ကရစ်တံတား (၁)စင်း (၁၃၀)ပေတို့အား ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်နယ်ရန်ပုံငွေ ကျပ် (၁၆၆၈၃ ဒသမ ၂၃၄၁)သန်းဖြင့် ကွန်ကရစ်လမ်း (၉/၇ ဒသမ ၇)မိုင်၊ ကတ္တရာလမ်း (၄၆/၁ ဒသမ ၅)မိုင်၊ ကတ္တရာထပ်ပိုးလွှာ (၁၄/၀ ဒသမ ၃)မိုင်၊ ကျောက်လမ်း (၇/၄)မိုင်၊ ဂဝံ/ဂျင်းလမ်း (၁၀/၅ ဒသမ ၈) မိုင်၊ မြေသားလမ်း  (၀/၇ ဒသမ ၂)မိုင်၊ မြေသားလမ်းချဲ့ခြင်း (၆/၆ ဒသမ ၃)မိုင်၊ စုစုပေါင်း (၉၆/၁ ဒသမ ၁၅) မိုင်နှင့် ကွန်ကရစ်တံတား (၄၀)စင်း (၁၀၇၃)ပေ၊ Box Culvert (၂၁)စင်း (၁၀၅)ပေ၊ စုစုပေါင်း (၆၁)စင်း (၁၁၇၆)ပေတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

          ထို့အပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၂၇၃ ဒသမ ၇၁၈၅)သန်းဖြင့် ကွန်ကရစ်လမ်း (၀/၃ ဒသမ ၇)မိုင်၊ ကတ္တရာလမ်း (၁/၄ ဒသမ ၆)မိုင်၊ စုစုပေါင်း (၂/၀ ဒသမ ၄)မိုင်နှင့် Box Culvert (၁)စင်း (၅)ပေနှင့် အခြားလုပ်ငန်း (၁)ခုတို့အား ဆောင်ရွက်လျက် ရှိသည့်အပြင် မွန်ပြည်နယ်ရှိ ကျေးလက်နေပြည်သူလူထုအကျိုးအတွက် အဓိကလမ်းမကြီးများ၊ မြို့များ သို့ ဆက်သွယ်သွားလာနိုင်သည့် ကျေးလက်လမ်းများအား Pilot Project လုပ်ငန်းအဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် Pilot Project လုပ်ငန်းအဖြစ် မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ပင-ကရုပ္ပိ-ဝဲကလောင်-အံခဲ-ကော့လေး-ထင်းရှူး-ကျောင်းရွာ-အနင်း ကျေးရွာချင်းဆက်လမ်း၊ လမ်းအရှည်(၂၆/၅)မိုင်(၁၂)အကျယ်၊ ကတ္တရာလမ်း၊ ကတ္တရာထပ်ပိုးလွှာ၊ မြေသားတာဘောင်ချဲ့ခြင်းလုပ်ငန်းများကို (၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်မှ စတင်အကောင်ထည်ဖော်ဆောင်ရွက်လျက်၇ှိပါသည်။ (၂၀၁၇-၂၀၁၈)မှ (၂၀၂၀-၂၀၂၁)ထိ ခွင့်ပြုရန်ပုံငွေစုစုပေါင်းမှာ (၄၄၀၃ ဒသမ ၂၉၆)သန်း သုံးစွဲခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာ (၃/၄)မိုင်၊ မြေသားတာဘောင်ချဲ့ခြင်း (၃/၀)မိုင်နှင့် လမ်းပေါ်ရှိ သပြေချောင်းအားဖြတ်ကူးမည့် အရှည်(၁၃၀)ပေရှိသော ကွန်ကရစ်တံတား(၁)စင်းကို ဆောင်ရွက်လျက်ရှိရာ စီမံကိန်းတစ်ခုလုံး၏ ပြီးစီးမှုမှာ (၉၅)ရာခိုင်နှုန်းပြီးစီးမည်ဖြစ်ပါသည်။ အဆိုပါလမ်းပေါ်ရှိ ပေ(၁၀၀)ကျော် တံတား(၂)စင်းအပါအဝင် စုစုပေါင်းတံတား (၆)စင်း ဆောင်ရွက်ရန် ကျန်ရှိသေးမည်ဖြစ်ပြီး လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

          လမ်း၏နောက်ခံသမိုင်းမှာ သံဖြူဇရပ်မြို့နှင့် ရေးမြို့နယ်ရှိ ရေနက်ဆိပ်ကမ်းသို့သွားရာ နှစ်ကရင် လမ်းဆုံကို ချိတ်ဆက်ထားသောလမ်းဖြစ်သည်။ ယခင်က မြေသားတာဘောင်ချဲ့ရန်နှင့် အသစ်ထပ်ပိုး တည်ဆောက်ရန် လိုအပ်သော ကတ္တရာခင်းနှင့် လမ်းသစ်တည်ဆောက်ရန် လိုအပ်သော မြေသားလမ်း ဖြစ်သည့်အတွက် သွားလာရန်ခက်ခဲကြမ်းတမ်းသောလမ်းဖြစ်ပါသည်။ထို့ကြောင့် လမ်းအား ဒေသခံပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေစေရန်အတွက် ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ရရှိသည့်အကျိုးရလဒ်များမှာ ဒေသခံပြည်သူများနှင့် ဥယျာဉ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတို့ အတွက် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စများတွင် လွယ်ကူလျင်မြန်စွာဖြတ်သန်းသွား လာနိုင်သည်။ သံဖြူဇရပ်မြို့နယ်သာမက ရေးမြို့နယ်အတွက်ပါ အသုံးဝင်သောလမ်းတစ်လမ်းဖြစ်သည်။ ပင ဆားကွင်း၏ အဓိကအားထားအသုံးပြုသည့် လမ်းမကြီး ဖြစ်သဖြင့် ကုန်စည်စီးဆင်းမှုအတွက် များစွာအထောက်အကူပြုသော လမ်းဖြစ်သည်။ အကျိုးပြုကျေးရွာ၊ အိမ်ခြေ၊ လူဦးရေတို့မှာ (၂၈)ရွာ၊ အိမ်ခြေ (၁၈၃၈၁)၊ လူဦးရေ (၁၀၉၄၄၇)ဦး ကို အကျိုးပြုမည်ဖြစ်ပြီး၊ ၎င်းလမ်းသည် မြိတ်လမ်းမကြီးနှင့် ချိတ်ဆက်ထားသည့် လမ်းတစ်လမ်းလည်း ဖြစ်သည်။

          ထို့အပြင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင်လည်း ကျုံဟော်-ရာမဆိပ်တံတားသည် Class(A) လမ်းအမျိုးအစားဖြစ်သော ဖြူဘ-သဲကုန်း-ညောင်ကုန်းကြီး-မြလေးချောင်-ရင်းငြိမ်(မြောက်)လမ်း မိုင်တိုင်(၄/၆)မိုင်နှင့် (၄/၇)မိုင်ကြား တွင် တည်ရှိသော တံတားဖြစ်သည်။ ရာမဆိပ်တံတားနေရာသည် ရှေးယခင်က ကူးတို့ဆိပ်ဖြစ်သည်။ လွန်ခဲ့သော (၂၀၀၀)ခုနှစ်ခန့်က ရင်းငြိမ်ရေထိန်းတံခါး တည်ဆောက် စဉ်ကာလတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် သစ်သားတံတား စတင်တည်ဆောက်ခဲ့ပြီး ၎င်းသစ်သား တံတားအား တစ်ဆယ့်ရှစ်နှစ်ခန့်အသုံးပြုခဲ့သည်။  အဆိုပါတံတားသည်လည်း သက်တမ်းကြာမြင့်နေပြီဖြစ်သည့် အတွက် ကြံ့ခိုင်မှုအားနည်းနေပြီဖြစ်သည်။ ထို့ကြောင့် မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှ (၂၀၁၈-၂၀၁၉)ခုနှစ်နှင့် (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေ ကျပ် စုစုပေါင်း(၁၄၂၂ ဒသမ ၀၀၀) သန်းဖြင့် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၄)သို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့ပြီး ကျုံဟော်-ရာမဆိပ် သံကူကွန်ကရစ်တံတား (၃၆၀ ပေ × ၂၄ ပေ)အား အသစ်ပြန်လည် တည်ဆောက်ပေးခဲ့သည်။ အဆိုပါတံတားသည် ဖြူဘ-သဲကုန်း-ညောင်ကုန်းကြီး-မြလေးချောင် ရင်းငြိမ်(မြောက်)လမ်း စုစုပေါင်း(၁၈/၄)မိုင်ပေါ်တွင် ရှိပြီး ရန်ကုန်-မော်လမြိုင်လမ်းမကြီး၏ မိုင်တိုင် (၁၆၃/၄-၁၆၃/၅)နှင့် ဆက်သွယ်ထားသည်။ အဆိုပါတံတားသည် ဒေသခံပြည်သူများ၏ လယ်ယာ ထွက်ကုန်များအတွက် ရာသီမရွေးလွယ်ကူလျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး ကျေးရွာ (၁၅)ရွာ၊ အိမ်ခြေ(၂၄၉၆)အိမ်၊ လူဦးရေ (၁၆၁၄၄)ယောက်အား အကျိုးပြုသောတံတား ဖြစ်သည်။

          မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်ပြည်သူတို့အတွက် ဘဏ္ဍာငွေ သုံးစွဲမှုမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေမှ ကျပ်(၃၃၉၅ ဒသမ ၅၅၃)သန်း၊ ၂၀၁၈-၂၀၁၉(၆-လ) ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ် ရန်ပုံငွေမှ ကျပ် (၂၂၅၀ ဒသမ ၀၅၅)သန်း၊ ၂၀၁၈-၂၀၁၉(၁၂-လ) ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေမှ ကျပ် (၁၃၈၅၂ ဒသမ ၈၃၆)သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု လမ်းရန်ပုံငွေမှ ကျပ် (၁၅၆၅ ဒသမ ၆၂၉)သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တံတားရန်ပုံငွေ (ပြည်ထောင်စု)မှ ကျပ် (၁၁၁၈ ဒသမ ၂၀၀) သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လမ်းရန်ပုံငွေ (ပြည်နယ်)မှ ကျပ် (၁၃၅၆၄ ဒသမ ၁၂၅၅) သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တံတားရန်ပုံငွေ (ပြည်နယ်)မှ ကျပ် (၂၇၁၇ ဒသမ ၁၇၀) သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းရန်ပုံငွေ (ပြည်ထောင်စု)မှ ကျပ် (၁၅၉၃ ဒသမ ၅၂၆) သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တံတားရန်ပုံငွေ (ပြည်ထောင်စု)မှ ကျပ် (၄၂၀ ဒသမ ၀၀၀) သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းရန်ပုံငွေ (ပြည်နယ်)မှ ကျပ် (၁၃၇၁၀ ဒသမ ၄၇၂၁) သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တံတားရန်ပုံငွေ (ပြည်နယ်)မှ ကျပ် (၂၉၇၂ ဒသမ ၇၆၂) သန်း တို့ကို အသီးသီး သုံးစွဲခဲ့သည်ဟု သိရသည်။       

          အချုပ်အားဖြင့် တင်ပြရလျှင် မွန်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် မိမိတို့ဦးစီး ဌာန၏မဟာဗျူဟာရည်မှန်းချက် ဖြစ်သော ၂၀၃၀ ပြည့်နှစ်၌ မြန်မာတစ်ပြည်လုံးရှိ ကျေးရွာများ၏ (၈၀)ရာခိုင်နှုန်းနှင့် ကျေးလက်လူဦးရေ (၉၀)ရာခိုင်နှုန်းကို ရာသီမရွေးသွားလာနိုင်သော ကျေးလက် လမ်းများ အသုံးပြုနိုင်ရန်နှင့် မြန်မာနိုင်ငံရှိ ကျေးရွာများ၌ လူဦးရေ (၁၀၀၀)နှင့်အထက်ရှိ ကျေးရွာများ ကို (၂၀၂၀) ပြည့်နှစ်မှာလည်းကောင်း၊ လူဦးရေ (၅၀၀)နှင့်အထက်ရှိ ကျေးရွာအားလုံး၏(၉၅)ရာခိုင်နှုန်း နှင့် လူဦးရေ (၂၅၀)အောက်ရှိ ကျေးရွာအားလုံး၏(၅၀)ရာခိုင်နှုန်းတို့အား (၂၀၂၅)ခုနှစ်တွင် ရာသီမရွေး သွားလာနိုင်သောလမ်းများကို ဆောင်ရွက်ပေးရန် စီစဉ်ထားသည်ဟု သိရသဖြင့် ထိုမဟာဗျူဟာ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အဓိဋ္ဌာန်ချထားသည်ဟုဆိုသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm