နေပြည်တော် မေ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယ ဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးဌာနပိုင် မြေနေရာ၌ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး စီစဉ်တည်ဆောက်ပေးနေသည့် အိမ်ရာများကိုလည်းကောင်း၊ အဆိုပါမြေနေရာနှင့် ရုံးသို့ဆက်သွယ်သောလမ်းဖောက်လုပ်နေမှုကိုလည်းကောင်း၊ သောက်သုံးရေ ရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စက်ရေတွင်းတူးဖော်နေမှုကို လည်းကောင်း၊ ကွန်တိန်နာများ စီစဉ်ချထားမည့် မြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လမ်း၊ ရေ၊ မီး၊ မိလ္လာစနစ်များအပါအဝင် ဘာရှာများအား မေလ (၁၅) ရက်နေ့ ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် (၁၇) ရက်နေ့တွင် ပြောင်းရွှေ့နေရာချထားပေးရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဇဗ္ဗူသီရိမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ယန္တရားဝင်းသို့ သွားရောက်၍ ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးအတွက် အိပ်ခန်း (၁၀) ခန်း စီစဉ် ဆောင်ရွက်ပေးခဲ့ပြီး ဝင်ရောက်နေထိုင်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား စနစ်တကျ နေရာချထားပေးရန်နှင့် ကြော်လှော်ချက်ပြုတ်ရာတွင် လျှပ်စစ်မီး၊ မီးဖိုမီးများ စနစ်တကျ အသုံးပြုရန် မှာကြားခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာသို့ သွားရောက် ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းတို့ ဖြင့် နွေစပါး၊ မိုးစပါး စိုက်ပျိုးနေသော သမဝါယမအသင်းသားများနှင့်တွေ့ဆုံခဲ့ရာ သမဝါယမဦးစီး ဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသား တောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်နည်းစနစ် (၄) မျိုး မှန်ကန်စွာဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းစိုက်ပျိုးကြရန်၊ လိုအပ် သည့် မျိုး၊ သွင်းအားစုများ အချိန်မီရရှိရေး ဆောင်ရွက်ပေးရန်၊ သီးထပ်သီးညှပ်စိုက်ပျိုးကြရန်နှင့် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ပေါက်မြိုင်ကျေးရွာ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် ဖြန့်ဝေပေးနေမှုကို လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်အောင်မြင်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသော ဒေါ်ခင်ထွေး၏ ဇူးအိချယ်လူသုံးကုန်ထုတ်လုပ်ရေးလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုအားပေး ခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ကြို့ပင်သာကျေးရွာသို့ သွား ရောက်ပြီး မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတား ပေ (၆၀၀) ၏ ထိခိုက်ပျက်စီးမှုအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူအင်ဂျင်နီယာများက ထိခိုက်ခဲ့မှုနှင့် ပြန်လည်ပြုပြင်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ (၉-၄-၂၀၂၅) ရက်နေ့မှစ၍ အဆိုပါတံတားတွင် (၈) တန် ယာဉ်များနှင့် ပြည်သူများ ဖြတ်သန်းသွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့မှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့သော ကျေးလက် လမ်းတံတား၊ ရေပေးရေးလုပ်ငန်းနှင့် ထိခိုက်မှုပမာဏကို လေ့လာဆန်းစစ်ကာ စာရင်း ပြုစု၍ ဆောင်ရွက်မည့် အစီအမံများ တင်ပြကြရန်၊ ဆက်သွယ်မှုလမ်းကြောင်း မပြတ်တောက်ရေး အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန်၊ ဆက်လက်ပြင်ဆင်ဆောင်ရွက်နိုင်မည့် အစီအမံများ တင်ပြကြ ရန် လမ်းညွှန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်