နေပြည်တော် မေ ၁၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ကျုံး(စံပြ)ကျေးရွာသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်နေသော စက်ချုပ်နည်းသင်တန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဒေသနှင့်ကိုက်ညီသော သင်တန်းများ ဖွင့်လှစ်ပေးရန်၊ သင်တန်းပြီးဆုံး၍ ကိုယ်ပိုင်လုပ်ငန်းထူထောင်ချိန်၌ အမှန်တကယ် ဝင်ငွေတိုးခြင်း ရှိ မရှိ တာဝန် ရှိသူများက လိုက်လံစစ်ဆေးရန်၊ ယခုသင်တန်းမှ ထူးချွန်သူများအား မန္တလေးမြို့ရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ဖွင့်လှစ်သော ဖက်ရှင်နှင့်ဒီဇိုင်း (၆)လ သင်တန်းသို့ ချိတ်ဆက် တက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသူများ ချုပ်လုပ်ထားသော လက်ရာများ အား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်းတယမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနက ဆောင်ရွက်ခဲ့သော ကျုံးကျေးရွာအုပ်စု၊ ပေါစံသီးကျေးရွာမှ မွေးမြူရေးဇုန်သို့ ဆက်သွယ် သောလမ်း အရှည် (၇.၆) ဖာလုံ ကျောက်ချောခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ ၁၀ ပေ သံကူ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပေါစံသီးကျေးရွာသို့ သွားရောက်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေဂါလံ (၂၀,၀၀၀) ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ ပေ (၅၁၀) စက်ရေတွင်းတူးဖော်ပေးခြင်းတို့ဖြင့် ကျေးရွာသောက်သုံးရေရရှိရေး ဆောင်ရွက်ပေး ထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာဘက်စုံသုံးခန်းမတွင် ကျေးရွာသူ ကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ပြည်နယ်ဦးစီးမှူးက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါစံသီးကျေးရွာတွင် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သော စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဂါလံ (၂၀၀၀၀)ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ၂၀၂၅ -၂၆ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေ၊ ယူနီဆက်ထောက်ပံ့ငွေတို့ဖြင့် ဆက်လက်ဆောင်ရွက်ပေးမည့် အိမ်တိုင်ရာရောက် ရေပေးရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသော ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် စပါးစိုက်ပျိုးရေး လုပ်ငန်း၊ ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်အထွက်နှုန်း ရရှိရး၊ အထွက်တိုး ရုရှား နေကြာမျိုးများဖြစ်သော မာဟွမ်း (Mahaon)၊ ဂျူလီယာ (Julia)၊ ဆဗျက်တလာနာ (Svetalana) (၃) မျိုးကို (၁) မျိုးလျင် (၅) ဧကစီ လာမည့်ဆောင်းရာသီတွင် စမ်းသပ်စိုက်ပျိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက မွေးမြူရေးဇုန် (၃၅၇) ဧက ဆောင်ရွက်နေမှု အခြေအနေ၊ ၃၀ မဂ္ဂါဝပ် ဆိုလာစနစ်မီးလင်းရေး ဆောင်ရွက်နေမှုအခြေအနေနှင့် ဒေသတည်ငြိမ် အေးချမ်းရေးဆိုင်ရာများ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကျေးရွာသူကျေးရွာသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စု၊ ကျောက်တဲကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေ၊ ယူနီဆက်ထောက်ပံ့ငွေတို့ဖြင့် ကျေးရွာသောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်တန်းပြီး ရေစစ်ကန်၊ ရေဂါလံ (၁၀,၀၀၀) ဆံ့ ရေစုကန်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းများ သွယ်တန်းထားမှုအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာများ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်