(၁) |
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် သမဝါယမသဘော တရား၊ ကျင့်ဝတ်၊ အနှစ်သာရနှင့် သမဝါယမအခြေခံမူများနှင့်အညီ ကူညီဆောင်ရွက် ပေးမည်၊ |
(၂) | သမဝါယမအသင်းသစ်များအား သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဖွဲ့စည်းမှတ်ပုံတင်ပေးခြင်း၊ ဖွဲ့စည်းထားရှိသည့် သမဝါယမအသင်းများ အားလည်း ကျစ်လစ်ခိုင်မာစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးမည်၊ |
(၃) | ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံလူတန်းစားများ၏ ဝင်ငွေရလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားအရင်းအနှီးချေးငွေအစီအစဉ် ဆောင်ရွက်ပေး မည်၊ |
(၄) |
တောင်သူလယ်သမားများသို့ လယ်ယာသုံး၊ ရေလုပ်ငန်းသုံးစသည့် စက်ကိရိယာများ နှင့် သွင်းအားစုများအား အရစ်ကျစနစ်ဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်၊ |
(၅) |
စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများ အား သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်၍ လိုအပ်သည်များ ကူညီပေးခြင်း၊ ငွေကြေးပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်၊ |
(၆) | သမဝါယမအသင်းများ၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းတို့ကို ထိရောက်စွာဆောင်ရွက်ပေးခြင်းဖြင့် သမဝါယမအသင်းများအား စွမ်းဆောင်မှု အဆင့်မြှင့်တင်ပေးမည်၊ |
(၇) |
သမဝါယမအသင်းများအား သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများဖြင့် ထိန်း ကျောင်းတည့်မတ်ပေးခြင်း၊ သမဝါယမကျင့်ဝတ်၊ အနှစ်သာရနှင့် အခြေခံမူတို့ကို သိရှိ နားလည်စေရန် ဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်း အဆင့်ဆင့်ရှိ အမှုဆောင်များ၊ ဝန်ထမ်းများအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မည်၊ |
(၈) |
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအရင်းအနှီး ငွေကြေး များအား နိုင်ငံတကာမှ အကူအညီ၊ အထောက်အပံ့နှင့် ချေးငွေများရရှိအောင် ဆောင် ရွက်မည်၊ |
(၉) |
သမဝါယမအသင်းသားမိသားစုများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည်၊ |
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်