Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(စ) သုတေသန၊ ဖွံဖြိုးမှုနှင့် နည်းပညာဖြန့်ဖြူးခြင်းဆိုင်ရာမူဝါဒ

(၁) ကဏ္ဍအလိုက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီနည်းပညာများ ပြန့်ပွားရေးကို ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်လာစေရေး အားပေးဆောင်ရွက်မည်၊
(၂) ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ခေတ်မီနည်းပညာများ အပြန်အလှန် ဖလှယ်ရရှိနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်၊
(၃) ကျေးလက်ပြည်သူများ၊ တောင်သူလယ်သမားသမဝါယမအသင်းသားများအား ပညာ ပေးလုပ်ငန်းများကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ အားလုံး၏ပူးပေါင်း ဆောင်ရွက်မှုဖြင့် တိုးမြှင့်ဆောင်ရွက်သွားမည်၊
(၄) အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများနှင့် ပန်း (၁၀) မျိုး အပါအဝင် ရိုးရာလက်မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများ အတွက် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည်။
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm