Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(င) ငွေကြေးအရင်းအနှီးရရှိရေးနှင့် သွင်းအားစု ကူညီပံ့ပိုးရေးဆိုင်ရာမူဝါဒ

(၁) သမဝါယမလုပ်ငန်းများနှင့် ကျေးလက်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် ငွေကြေးအရင်းအနှီး၊ ချေးငွေအထောက်အပံ့၊ ရင်းနှီးမြှုပ်နှံမှုနှင့် သွင်းအားစုများ ရရှိစေရန် ကူညီဆောင်ရွက်ပေးမည်၊
(၂) ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေတိုးရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်နှင့် စဉ်ဆက်မပြတ်ဘဏ္ဍာငွေ အရင်းအမြစ်များ ရရှိစေရန် ပြည်သူဗဟိုပြုနည်းလမ်းဖြင့် ဆောင်ရွက်နိုင်သည့် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ၊ အသေးစားချေးငွေ၊ လူထုသို့ တိုက်ရိုက်ထောက်ပံ့ငွေများ ထူထောင်ဆောင်ရွက်ပေးမည်၊
(၃) ကျေးလက်နေပြည်သူများ၏ စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ကျေးလက်ဒေသကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်သွားမည်။
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm