Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် Diploma in Human Resource Management အချိန်ပိုင်းသင်တန်းသားများခေါ်ယူခြင်း

27 May,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

အချိန်ပိုင်းသင်တန်းသားများခေါ်ယူခြင်း

၁။       သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် အောက်ဖော်ပြပါ Diploma သင်တန်း ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ ဝင်ခွင့် လျှောက်ထားနိုင်ပါသည်။

          (က)    Diploma in Human Resource Management                                      (၉)လသင်တန်း

၂။       သင်တန်းများတက်ရောက်ရန်အတွက် လျှောက်ထားသူသည် အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

၃။       တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။

၄။       သင်တန်းအားလုံးသည် တနင်္လာနေ့မှ သောကြာနေ့အတွင်း ညနေ (၀၆:၀၀)နာရီမှ    (၀၈:၀၀)နာရီအထိ တစ်ပတ်လျှင် (၃)ရက် Online ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။   

၅။       သင်တန်းနှင့်ပတ်သက်သည့် လျှောက်လွှာပုံစံများကို သင်တန်းရေးရာဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၂၈-၅-၂၀၂၄)နေ့မှ စတင်ဝယ်ယူပြီး (၃၀-၆-၂၀၂၄) မတိုင်မီ လျှောက်ထားနိုင်ပါသည်။

၆။       သင်တန်းကြေးအား အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။

          (က) Diploma in Human Resource Management                                 (၁၅၀,၀၀ဝိ/-)

၇။      သင်တန်းဖွင့်လှစ်မည့်ရက်     -     ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ( ၁ )ရက်

၈။      အသေးစိတ်သိရှိလိုပါက ဝါဏိဇ္ဇဗေဒဌာန (ဖုန်း ၀၇၂-၂၀၂၃၀၁၉၊   ၀၉-၇၇၅၄၈၀၅၃၇) (https://www.ucmsonlinestudy.org/), Facebook Page: University of Co-operative and Management,Sagaing (commercedepartment23.ucms@gmail.com)တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါသည်။                                                                                           

                                                                    ဌာနမှူး၊ သင်တန်းရေးရာဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)


HRM_မှတ်ပုံတင်ခွင့်လျှောက်လွှာ.pdf

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm