Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေးစာရင်းကိုင်နှင့်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး) များ၏ အသိပေးကြေညာချက်

07 Apr,2022

သမဝါယမစာရင်းရေးစာရင်းကိုင်နှင့်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး) များ၏ အသိပေးကြေညာချက်

သင်တန်း၏ ရည်ရွယ်ချက်

  • ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်စေရန်၊
  • သင်တန်းသားများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီး ပေးရန်။
  • သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ညွှန်ကြားမှုအဖွဲ့မှ Diploma in Business Accounting ပေးအပ် ချီးမြှင့်မည်ဖြစ်ပါသည်။

သင်ကြားမည့်ဘာသာရပ် ၊ (၂) နှစ်သင်တန်း

-      ပထမနှစ်

(၁)  Business Accounting

(၂)   Fundamentals of ICT

(၃)   သမဝါယမပညာ

(၄)   မြန်မာစာ

(၅)  အင်္ဂလိပ်စာ

(၆)  သင်္ချာ

(၇)  ဘောဂဗေဒ

-      ဒုတိယနှစ်

(၁)  Cost Accounting

(၂)   Financial Accounting

(၃)   Computerized Accounting

(၄)   Business Organization and Management

(၅)  သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း

(၆)  အင်္ဂလိပ်စာ

(၇)  သင်္ချာ

(၈)  ဘောဂဗေဒ

ဝင်ခွင့်အရည်အချင်း

အနည်းဆုံး အခြေခံပညာအဋ္ဌမတန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။

သင်တန်းကာလနှင့် သင်တန်းသားဦးရေ

  • သင်တန်းကာလ (၂)နှစ်၊
  • တစ်ကြိမ်လျှင် သင်တန်းသားဦးရေ (၅၀) ဦးမှ (၁၀၀) ဦးအထိ။

ပညာဆက်လက်သင်ယူနိုင်မည့်အခွင့်အလမ်း

သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းပြီးဆုံးအောင်မြင်သူများအနက် သတ်မှတ် အရည်အချင်းပြည့်မီသူများကို သမဝါယမဒီဂရီကောလိပ်များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ဆက်လက် ပညာသင်ကြားနိုင်မည့်အခွင့်အလမ်းများ ရရှိနိုင်ခြင်း။

သင်တန်းသားထောက်ပံ့ကြေး

သင်တန်းသားတစ်ဦးအတွက်

  • စားသောက်စရိတ်တစ်လလျှင် ကျပ် ၃၀၀၀၀ နှုန်း
  • ဝတ်စုံစရိတ် တစ်နှစ်အတွက် ကျပ်  ၂၅၀၀၀ နှုန်း
  • နယ်ဝေးမှ တက်ရောက်သူများအတွက် အဆောင်စီစဉ်ပေးမည်။

သင်တန်းမှ ရရှိမည့် အကျိုးကျေးဇူး

  • စာရင်းရေး စာရင်းကိုင်ပညာရပ်အား အခြေခံကျကျ သိရှိနားလည် တတ်ကျွမ်းစေခြင်း၊
  • ခေတ်မီစီမံခန့်ခွဲမှုပညာနှင့် ကွန်ပျူတာစာရင်းကိုင် ပညာရပ်များ တတ်ကျွမ်းစေခြင်း၊
  • အစိုးရအဖွဲ့အစည်းများ သမဝါယမဆိုင်ရာ အဖွဲ့ အစည်းများ ပြင်ပပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းများနှင့် ကုမ္ပဏီများတွင် အလုပ်လျှောက်ထားရာ၌ အထောက်အကူဖြစ်စေခြင်း။

သင်ကြားမည့်အစီအစဉ်

  • သင်တန်းကာလမှာ ၂ နှစ်ဖြစ်သည်။
  • စာသင်နှစ်ကာလမှာ အခြေခံပညာကျောင်းများနည်းတူ ဇွန်လဆန်းမှ ဖေဖော်ဝါရီလထိ ဖြစ်သည်။
  • ပညာသင်နှစ်တစ်နှစ်အတွင်းလပတ်စာမေးပွဲ အနည်း ဆုံး (၆)ကြိမ်ရှိမည်။
  • ကျောင်းခေါ်ချိန် ၇၅ % ပြည့်မီပြီး Internship Period ကို အပြည့်အဝဆင်းနိုင်သူ၊ စာမေးပွဲများတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ရမှတ် (၄၀) နှင့် အထက်ရသူများကိုသာ Diploma ချီးမြှင့်မည်။
  • သင်တန်းကာလအတွင်း လုပ်ငန်းခွင်အတွေ့အကြုံကိုပါ တစ်ပါတည်းရရှိစေရေးအတွက် Internship Period များ ထည့်သွင်းရေးဆွဲထားပြီး သမဝါယမအသင်းများနှင့် စီးပွားရေးအဖွဲ့အစည်းများသို့ အလုပ်သင်အဖြစ် စေလွှတ်ပေးမည်။
  • သင်တန်းသားများ၏ Internship Period နှင့်သင်တန်းအပြီး အလုပ်အကိုင်ပါ တစ်ပါတည်းရရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် သမဝါယမအသင်းများကို ဖိတ်ခေါ်ပြီး Job Fair များ ပြုလုပ်ဆောင်ရွက်မည်။




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm