Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း

08 Nov,2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်(၂၀၂၃ အောင်) (ပထမနှစ်ဝက်) သင်တန်းနှင့် ဒုတိယနှစ်(ပထမနှစ်ဝက်)သင်တန်းများကို ၁၆-၁၁-၂၀၂၃ရက်နေ့မှ စတင်၍ (စနေနှင့် တနင်္ဂနွေနေ့များ အပါအဝင်)နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ နာရီ အထိ ကျောင်းအပ်လက်ခံပြီး ၂၃-၁၁-၂၀၂၃ ရက်နေ့မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့ သင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများကို ၂၃-၁၁-၂၀၂၃ရက်နေ့မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား/ကျောင်းသူများစာရင်းအား (၉-၁၁-၂၀၂၃)ရက်နေ့၌ ဝန်ကြီးဌာန၏ https://mcrd.gov.mm နှင့် ဤတက္ကသိုလ်၏ website ဖြစ်သည့် https://ucms.edu.mm တို့တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm