Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ဝင်ခွင့်လျှောက်လွှာ လက်ခံမည့်ရက်တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာခြင်း

10 Oct,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)အနေဖြင့် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်စာမေးပွဲအောင်မြင်သူများအား ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာများကို (၁.၉.၂၀၂၃) ရက်နေ့မှ (၁၀.၁၀.၂၀၂၃)ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း (၃၁.၈.၂၀၂၃)ထုတ် ကြေးမုံသတင်းစာတွင်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တို့၏ Website များတွင်လည်းကောင်း၊ ထည့်သွင်းကြော်ငြာခဲ့ပါသည်။ အဆိုပါကြော်ငြာမှ ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာ နောက်ဆုံးထား လက်ခံမည့်ရက်ကို (၁၀.၁၀.၂၀၂၃)ရက်နေ့အစား (၃၁.၁၀.၂၀၂၃)ရက်နေ့ (အင်္ဂါနေ့)အထိ တိုးမြှင့် သတ်မှတ်ကြောင်း ကြေညာအပ်ပါသည်။


IMG.pdf

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm