ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း

05 Sep,2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

နေပြည်တော်

စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း

၁။      သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၄-၆-၂၀၂၃) ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ခေါ်ယူထားသည့် အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ) နှင့် အငယ်တန်းအင်ဂျင်နီယာ-၄(မြို့ပြ) ရာထူးနေရာများအတွက် အရည်အချင်းစစ်စာမေးပွဲများကို အောက်ပါအစီအစဉ်အတိုင်းကျင်းပသွားမည်ဖြစ်ပါသည်-

            (က) ရေးဖြေစာမေးပွဲ                    

                   (၁)  စာမေးပွဲဖြေဆိုရမည့်ရက်            -   ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်(တနင်္ဂနွေနေ့) နံနက်(၈:၀၀)နာရီမှ(၁၁:၀၀)နာရီအထိ၊      

                   (၂) ဖြေဆိုရမည့်ဘာသာရပ်များ          -   မြန်မာစာ + အင်္ဂလိပ်စာ+အထွေထွေဗဟုသုတ

( ခ ) လူတွေ့စစ်ဆေးမည့်ရက်            -  ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်(တနင်္ဂနွေနေ့)   မွန်းလွဲ (၁၃:၀၀)နာရီ

                                                                  

၂။       စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို (၇-၉-၂၀၂၃)ရက်နေ့မှစ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနတည်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများတွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပြီး ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာမေးပွဲကျင်းပပြုလုပ်မည့်စာစစ်ဌာနများနှင့် တည်နေရာအား သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးများသို့ ဆက်သွယ်စုံစမ်းရန်ဖြစ်ပါသည်။

၃။      စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူများသည် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်၊ နံနက် (၇:၃၀) နာရီအရောက် ဖြေဆိုရမည့်စာစစ်ဌာနများသို့ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း၊ ဖြေဆိုခွင့်ကဒ်ပြားနှင့် အတူ လာရောက်သတင်းပို့ရန်နှင့် စာမေးပွဲခန်းမအတွင်းသို့ အချိန်နောက်ကျ ရောက်ရှိလာသူများအား စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

 

                             ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm